Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 6:49 - Musselmani Burmese

49 သို့သော် ငါ့စကားကို ကြားနာသော်လည်း မလိုက်နာသောသူမူကား အုတ်မြစ်မချဘဲ မြေပေါ်၌အိမ်ဆောက်သောသူနှင့်တူ၏။ မြစ်ရေလွှမ်းမိုး၍ ထိုအိမ်ကို ရိုက်ခတ်သောအခါ ချက်ချင်းပြိုလဲ၍ ကုန်စင်စွာပျက်စီးသွားလေ၏” ဟုမိန့်တော်မူ၏။

Gade chapit la Kopi




Luke 6:49
30 Referans Kwoze  

မိမိသခင်၏အလိုကို သိပါလျှက်ပင် မပြင်ဆင်၊ မလုပ်ဆောင်ထားသည့်အစေခံသည် ပြင်းထန်စွာအပြစ်ဒဏ်ပေးခြင်းကို ခံရမည်။


ကိုယ်တော်က ဆက်လက်၍ “သင်တို့သည် ငါ့စကားကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့အား ‘အရှင်၊’ ‘အရှင်’ ဟုခေါ်နေကြသနည်း။


ယခု ငါဘုရင်အဖြစ် အုပ်ချုပ်သည်ကို အလိုမရှိသူတို့ကို ခေါ်လာကြလော့။ ထိုသူတို့ကို ငါ့ရှေ့၌ပင် ကွပ်မျက်ကြလော့’ ဟုအမိန့်ပေးလေ၏” ဟူ၍မိန့်တော်မူ၏။


သို့သော် ထိုတိုင်းပြည်မှလူအချို့ကမူ ထိုတော်ဝင်မင်းသားကို ဘုရင်မဖြစ်စေလိုကြသည့်အတွက် ဧကရာဇ်ထံသို့ သံတမန်များကို စေလွှတ်ကာ ‘ဤသူကို ဘုရင်အဖြစ် အကျွန်ုတို့ အလိုမရှိပါ’ ဟူ၍ ပြောစေလေ၏။


ထိုသူသည် မြေကိုနက်စွာတူး၍ ကျောက်ခံမြေပေါ်မှာ အိမ်ဆောက်သောသူနှင့်တူ၏။ ထို့နောက် ရေလွှမ်းမိုး၍ လှိုင်းလုံးများ ရိုက်ခတ်သော်လည်း ထိုအိမ်သည် ကောင်းမွန်သောအုတ်မြစ်ချထားသဖြင့် ပြိုလဲခြင်းမရှိဘဲ ကြံ့ကြံ့ခံနိုင်၏။


ထို့နောက် ကိုယ်တော်ယေရှုသည် လူထုပရိသတ်ကို ဟောပြောသွန်သင်ပြီးနောက် ကပေရနောင်မြို့သို့ ကြွတော်မူ၏။


Swiv nou:

Piblisite


Piblisite