Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 6:25 - Musselmani Burmese

25 ယခုတွင် ဝလင်စွာ စားသောက်နေထိုင်ရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဆာလောင်မွတ်သိပ်မှုကို ကြုံရလိမ့်မည်။ ယခုတွင် ရယ်မောနေသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝမ်းနည်းပူဆွေးလျှက် ငိုကြွေးကြရလိမ့်မည်။

Gade chapit la Kopi




Luke 6:25
33 Referans Kwoze  

ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် အခြားသောဘုရားရှင်၏အရိယာသူတော်စင်တို့ကို ဘုရားရှင်၏သာသနာတော်တွင်ရှိနေကြသည်ကို သင်တို့တွေ့မြင်ကြရသော်လည်း သင်တို့မူကား အပြင်သို့ နှင်ထုတ်ခြင်းခံကြရသဖြင့် သင်တို့သည် ထိုနေရာ၌ အံကိုကြတ်၍ ဝမ်းနည်းငိုကြွေးကြရလိမ့်မည်။


သို့သော် ဘုရားရှင်က ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင်သည်သေရလိမ့်မည်။ သို့ဖြစ်လျှင် သင်စုဆောင်းထားသည့် ပစ္စည်းဥစ္စာတို့သည် အခြားလူထံသို့ရောက်သွားမည်ဖြစ်၏’ ဟုမိန့်တော်မူ၏။


လူတို့သည် ထိုသူငယ်မသည် သေဆုံးပြီးဖြစ်ကြောင်း သိထားကြပြီးဖြစ်၍ ကိုယ်တော်အား လှောင်ပြောင်ရယ်မောကြလေ၏။


တဖန် ကိုယ်တော်က “သို့သော် ချမ်းသာသောသူတို့၊ သင်တို့သည် ပြည့်စုံကြွယ်ဝသောဘဝကို နေထိုင်ခဲ့ရသည်ဖြစ်၍ သင်တို့မှာမူကား အမင်္ဂလာရှိကြ၏။


လူအပေါင်းတို့သည် သင်တို့အကြောင်းကို ချီးမွမ်းပြောဆိုကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့၏ဘိုးဘေးတို့သည်လည်း အယောင်ဆောင်အရိယာသူတော်စင်တို့ကို ထိုကဲ့သို့ပင် ချီးမွမ်းပြောဆိုခဲ့ကြသောကြောင့်ဖြစ်သည်” ဟုမိန့်တော်မူ၏။


Swiv nou:

Piblisite


Piblisite