8 ဤအဖြစ်အပျက်ကို မြင်တွေ့သောအခါ ရှိမုန်ပေတရုသည် ကိုယ်တော်ယေရှု၏ခြေရင်း၌ ဒူးထောက်ရှိခိုးကာ “ကိုယ်တော်၊ အကျွန်ုပ်သည် အပြစ်ဒုစရိုက်များသောသူဖြစ်သောကြောင့် အကျွန်ုပ်ကို စွန့်ခွာသွားတော်မူပါ” ဟုလျှောက်တင်လေ၏။
ထို့ကြောင့် သူတို့သည် အခြားလှေပေါ်တွင်ရှိသော တံငါသည် အပေါင်းအပါတို့ကို သူတို့အား ကူညီနိုင်ရန်အတွက် အချက်ပြ၍ လှမ်းခေါ်လိုက်လေ၏။ ထိုသူတို့ ရောက်လာကြပြီး လှေနှစ်စင်းလုံးတွင် ငါးများကို ထည့်ကြရာ သူတို့၏လှေများသည်လည်း နစ်မြုပ်လုနီးပါး ဖြစ်သွားလေ၏။
ဤသို့ဆိုရခြင်းမှာ ရှိမုန်နှင့်တကွ သူ၏အပေါင်းအပါတို့ဖြစ်သော ဇေဗေဒဲ၏သားနှစ်ဦးဖြစ်သူ ယာကုပ်နှင့်ယောဟန်တို့အားလုံးသည် သူတို့ဖမ်းမိသော ငါးအရေအတွက်မှာ များပြားလှသဖြင့် အံ့ဩမဆုံးဖြစ်ကြသောကြောင့်ဖြစ်၏။