Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 5:5 - Musselmani Burmese

5 ရှိမုန်ကလည်း “ကိုယ်တော်၊ အကျွန်ုပ်တို့ တစ်ညလုံး ပင်ပင်ပန်းပန်း ကြိုးစား၍ ငါးဖမ်းခဲ့သော်လည်း ငါးတစ်ကောင်တစ်လေမှ မရခဲ့ပါ။ သို့ရာတွင် ကိုယ်တော်စေခိုင်းသည့်အတွက် အကျွန်ုပ် ငါးဖမ်းပိုက်ကို ထပ်၍ ချလိုက်ပါမည်” ဟုဖြေလေ၏။

Gade chapit la Kopi




Luke 5:5
14 Referans Kwoze  

ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်အား လှုပ်နှိုးလိုက်ပြီး “ကိုယ်တော်၊ ကိုယ်တော်၊ အကျွန်ုပ်တို့ သေရပါတော့မည်” ဟုလျှောက်တင်ကြသဖြင့် ကိုယ်တော်သည် ထ၍ လေပြင်းမုန်တိုင်းနှင့် လှိုင်းလုံးကြီးများအား ရပ်တန့်သွားရန် အမိန့်ပေးလိုက်သည့်အခါ လေပြင်းမုန်တိုင်းနှင့် လှိုင်းလုံးကြီးများမှာ ငြိမ်သက်သွားလေတော့၏။


ကျယ်လောင်သောအသံတို့ဖြင့် “ကိုယ်တော်ယေရှု၊ အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟုလျှောက်ကြ၏။


ထို့နောက် မောရှေနှင့်ဧလိယတို့ ထွက်ခွာချိန်တွင် ပေတရုက ကိုယ်တော်အား “ကိုယ်တော်၊ ဤအရပ်သည် နေချင်စဖွယ်ကောင်းသောနေရာဖြစ်သဖြင့် ကိုယ်တော့်အတွက် တဲတော်တစ်ဆောင်၊ ဧလိယအတွက် တဲတော်တစ်ဆောင်နှင့် မောရှေအတွက် တဲတော်တစ်ဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပေးပါရစေ” ဟုလျှောက်ထားလေ၏။ သို့သော် သူသည် သူ့ကိုယ်သူ မည်သည်ကို ပြောလိုက်သည်ကိုပင် မသိချေ။


ထို့နောက် ယောဟန်က “ကိုယ်တော်၊ ကိုယ်တော်၏နာမကိုအသုံးပြု၍ လူတို့ထံမှ မကောင်းဆိုးဝါးများကို နှင်ထုတ်နေသောသူတစ်ဦးကို အကျွန်ုပ်တို့ တွေ့မြင်ခဲ့ပါသည်။ ထိုသူသည် အကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာသူမဟုတ်သဖြင့် အကျွန်ုပ်သည် သူ့အား ဤကဲ့သို့မပြုလုပ်ရန် တားမြစ်ခဲ့ပါသည်” ဟုလျှောက်တင်လေရာ


ထိုအခါ ကိုယ်တော်က “ငါ့ကို မည်သူတို့ထိလိုက်သနည်း” ဟုမေးသောအခါ လူတို့ကလည်း မိမိတို့မတို့ထိကြောင်းကို ငြင်းဆန်ကြပြီး ပေတရုက “ကိုယ်တော်၏ဘေးပတ်လည်၌ လူအုပ်ကြီးသည် တိုးဝှေ့နေကြပါသည်” ဟုလျှောက်ထားလေ၏။


Swiv nou:

Piblisite


Piblisite