Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 5:32 - Musselmani Burmese

32 ဤကဲ့သို့ပင် ငါသည်လည်း မိမိကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်ဟု ထင်မှတ်နေသူများကို ဖိတ်ခေါ်ရန် လာသည်မဟုတ်။ ထိုအစား မိမိကိုယ်ကို အပြစ်သားဖြစ်သည်ကို သိသောသူတို့ကိုသာ ခေါ်ရန်လာခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။

Gade chapit la Kopi




Luke 5:32
26 Referans Kwoze  

ဤသည်ကို အမှတ်ရလော့။ လူ့သားတော်ဖြစ်သော ငါသည် သင်ကဲ့သို့သော ဘုရားရှင်ထံမှ လမ်းလွဲဝေးကွာနေသောသူတို့ကို ရှာဖွေ၍ ကယ်တင်ရန်ကြွလာခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။


ထိုနည်းတူ သင်တို့အား ငါဆိုမည်ကား နောင်တသံဝေဂရ၍ ဘုရားရှင်ဘက်သို့ ပြန်လှည့်လာသော အပြစ်ဒုစရိုက်သားတစ်ဦးအတွက် ဘုရားရှင်၏နတ်ဒေဝါများသည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။


ထိုကဲ့သို့ပင် သင်တို့အား ငါဆိုမည်ကား ဖြောင့်မတ်မှန်ကန်သောသူ ကိုးဆယ့်ကိုးဦးအတွက်ထက် အပြစ်ဒုစရိုက်မှ နောင်တသံဝေဂရ၍ ဘုရားရှင်ဘက်သို့ လှည့်လာသောသူတစ်ဦးအတွက်ကို ပို၍ ရွှေမြို့တော်၌ ဝမ်းမြောက်ဝမ်းသာရှိကြလိမ့်မည်” ဟုမိန့်တော်မူ၏။


နောင်တသံဝေဂတရားနှင့် အပြစ်ဒုစရိုက်တို့ကို ခွင့်လွှတ်ခြင်းရစေဖို့ ဂျေရုဆလင်မြို့မှစ၍ လူမျိုးအပေါင်းတို့ကို ဟောပြောလိမ့်မည်ဟုဖော်ပြထား၏။


ကိုယ်တော်က သူတို့ကို ဖြေကြားသည်မှာ “ကျန်းမာသူသည် ဆေးဆရာကို လိုမည်မဟုတ်။ နာမကျန်းသူသာ ဆေးဆရာကို လိုအပ်၏။


ထို့နောက် လူအချို့ကလည်း ကိုယ်တော်ယေရှုအား “ရေနှစ်မင်္ဂလာဆရာယောဟန်နှင့် သူ၏တပည့်တို့သည် အစာရှောင်ဆုတောင်းခြင်းကို မကြာခဏပြုလုပ်လေ့ရှိကြ၏။ ဖာရိရှဲတို့၏တပည့်များသည်လည်း ထိုသို့ပင် ပြုလုပ်လေ့ရှိကြ၏။ သို့သော်ငြား ကိုယ်တော်၏နောက်လိုက်တပည့်တို့မှာမူကား စားလျက်သောက်လျက်နေကြပြီး အဘယ်ကြောင့် အခြားသူများကဲ့သို့ အစာမရှောင်ကြသနည်း” ဟုမေးခွန်းထုတ်ကြလေ၏။


Swiv nou:

Piblisite


Piblisite