Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 5:21 - Musselmani Burmese

21 ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည် “ဤသူသည် မိမိကိုယ်ကို မည်သူဟုထင်၍ ဤကဲ့သို့သော ဘုရားရှင်ကို စော်ကားသည့်စကားမျိုးကို ဆိုရသနည်း။ သူ့ကိုယ်သူ ဘုရားရှင်ဟုထင်နေသလော။ အကြောင်းမူကား ဘုရားရှင်မှလွဲ၍ အပြစ်များကို ခွင့်လွှတ်နိုင်သူဟူ၍ အဘယ်သူမျှမရှိ” ဟုတွေးတောကြလေ၏။

Gade chapit la Kopi




Luke 5:21
23 Referans Kwoze  

ထိုအခါ ကိုယ်တော်နှင့်အတူထိုင်နေသော အခြားသူများက “အပြစ်ဒုစရိုက်ကိုပင် ခွင့်လွှတ်နိုင်သည်ဟုဆိုနေသော ဤသူသည် အဘယ်သူနည်း” ဟုအချင်းချင်း တီးတိုးပြောဆိုနေကြလေ၏။


တစ်နေ့သ၌ ကိုယ်တော်သည် ဟောပြောသွန်သင်တော်မူနေစဉ် ဂါလိလဲပြည်နှင့် ယုဒပြည်တို့ရှိ ကျေးရွာအပေါင်းတို့မှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသော ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည်လည်း အနီးအပါး၌ ထိုင်လျှက်ရှိကြ၏။ ထိုအချိန်၌ ဘုရားရှင်သည်လည်း ကိုယ်တော်အား လူတို့၏အနာရောဂါများ ပျောက်ကင်းစေခြင်းငှာ တန်ခိုးတော်ကို ပေးအပ်ထားတော်မူသဖြင့်


ထို့ကြောင့် သင်တို့၏အပြစ်ဒုစရိုက်များမှ နောင်တသံဝေဂရပြီဆိုသည်ကို အလုပ်အားဖြင့် သက်သေပြကြလော့။ သင်တို့ကိုယ်သင်တို့ အာဗြဟံ၏မျိုးဆက်ဖြစ်သည်ဟူ၍ မဆိုကြနှင့်။ အကြောင်းမူကား၊ ဘုရားရှင်သည် သင်တို့နေရာ၌ အစားထိုးရန် ဤကျောက်ခဲများကိုပင် အာဗြဟံ၏မျိုးဆက်များအဖြစ် ဖန်ဆင်းလိုက်နိုင်သည်ဟု သင်တို့အား ငါဆိုမည်။


ကိုယ်တော်သည် ထိုသူတို့ မည်ကဲ့သို့ တွေးထင်နေသည်ကို သိတော်မူသဖြင့် “အဘယ်ကြောင့် သင်တို့စိတ်နှလုံး၌ ထိုသို့တွေးတောနေကြသနည်း။


Swiv nou:

Piblisite


Piblisite