Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 3:11 - Musselmani Burmese

11 ယောဟန်ကလည်း “သင်တို့၌ အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူကို တစ်ထည်ပေးရမည်။ သင်တို့၌ စားစရာ၊ သောက်စရာရှိလျှင်လည်း မရှိသောသူတို့ကို ဤသို့ပင်မျှဝေပေးရမည်” ဟုဖြေလေ၏။

Gade chapit la Kopi




Luke 3:11
22 Referans Kwoze  

ထိုသို့လျှောက်တင်သည်ကို ကြားသောအခါ ကိုယ်တော်က “သို့ဆိုလျှင် သင်လုပ်ဆောင်ရန်အရာတစ်ခုကျန်နေသေး၏။ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများအားလုံးကို ရောင်းချ၍ ဆင်းရဲနွမ်းပါးသောသူတို့ကို လှူဒါန်းလော့။ သို့ပြုလျှင် သင်သည် ရွှေမြို့တော်၌ စည်းစိမ်ဥစ္စာများ ရရှိလိမ့်မည်။ ထို့နောက် ငါ၏တပည့်အဖြစ် ငါ့နောက်ကိုလိုက်လော့” ဟုမိန့်တော်မူလေ၏။


သို့ဖြစ်၍ သင်တို့၌ရှိသောအရာတို့ကို ဆင်းရဲနွမ်းပါးသူတို့အား နှလုံးသားအတွင်းမှနေ၍ အပြည့်အဝပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့သည် အမှန်စင်စစ် ဘုရားရှင်၏ရှေ့တော်၌စင်ကြယ်ကြလိမ့်မည်။


ထို့နောက် ဇက္ခဲသည် မတ်တပ်ရပ်လျှက် ကိုယ်တော်အား “ကိုယ်တော်၊ ကိုယ်တော်၊ အကျွန်ုပ်၏ပစ္စည်းဥစ္စာတစ်ဝက်ကို ဆင်းရဲနွမ်းပါးသည့်သူတို့အား ခွဲဝေပေးပါမည်။ လူတို့ထံမှ မတရားတောင်းခံထားမိခဲ့သောအခွန်ငွေတို့ကိုလည်း လေးဆပို၍ ပြန်အမ်းလိုက်ပါမည်” ဟုလျှောက်တင်လေ၏။


Swiv nou:

Piblisite


Piblisite