Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 24:44 - Musselmani Burmese

44 ထို့နောက် ကိုယ်တော်က “မောရှေ၏ပညတ်ကျမ်း၊ အရိယာသူတော်စင်တို့၏ကျမ်းများနှင့် ဆာလံကျမ်းတို့၌ ငါ၏အကြောင်းကို ဖော်ပြထားသည့်အတိုင်း အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု သင်တို့အား ငါမိန့်ဆိုခဲ့သည့်အကြောင်းအရာတို့သည် ဤအဖြစ်အပျက်များပင်ဖြစ်ကြ၏” ဟုမိန့်တော်မူ၏။

Gade chapit la Kopi




Luke 24:44
88 Referans Kwoze  

ထို့နောက် ကိုယ်တော်က တပည့်တော်များအား “လူ့သားတော်သည် လူမျိုးအကြီးအကဲများ၊ ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများ၏ငြင်းပယ်ခြင်းကို ခံရ၍ အသေသတ်ခြင်းကိုခံရပြီး သုံးရက်မြောက်သောနေ့၌ အသက်ပြန်ရှင်တော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။


ထို့နောက် သူတို့အား “ကျမ်းစာ၌ ကယ်တင်ရှင်မေရှိယသည် ဆင်းရဲဒုက္ခတို့ကို ခံစားရပြီးနောက် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ အသက်ပြန်ရှင်တော်မူလိမ့်မည်။


သင်တို့အား ငါဆိုသည်ကား ‘ထိုသူသည် ရာဇဝတ်သားအဖြစ် သတ်မှတ်ခံရ၏’ ဟုကျမ်းစာပိုဒ်တွင် ငါ၏အကြောင်းကို ဖော်ပြထားသည့်အတိုင်း ပြည့်စုံလာတော့မည်ဖြစ်သည်” ဟုမိန့်တော်မူ၏။


အကြောင်းမူကား ထိုနေ့ရက်ကာလသည် ဘုရားရှင်က ဂျေရုဆလင်မြို့သားတို့ကို ပြစ်ဒဏ်စီရင်မည့်အချိန်ဖြစ်၏။ ထိုပြစ်ဒဏ်နှင့်ပတ်သက်၍ အရိယာသူတော်စင်များ ကြိုတင်နိမိတ်ဖတ်ထားခဲ့သည်များနှင့် ကျမ်းစာတွင် ရေးသားထားသည့်အကြောင်းအရာအလုံးစုံတို့သည် ပြည့်စုံစွာဖြစ်ပျက်ကြလိမ့်မည်။


သင်တို့သည် ယခုငါဆိုသည်ကို အာရုံစိုက်၍နားထောင်ကြလော့။ လူ့သားတော်ဖြစ်သည့် ငါသည် ရန်သူများလက်သို့ အပ်နှံခြင်းကို ခံရတော့မည်” ဟုမိန့်တော်မူ၏။


Swiv nou:

Piblisite


Piblisite