Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 18:43 - Musselmani Burmese

43 ထိုချက်ချင်းပင် ထိုသူသည် မျက်စိပြန်မြင်ပြီးလျှင် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းလျှက် ကိုယ်တော်ယေရှု၏နောက်တော်သို့ လိုက်ပါသွားလေ၏။ ထိုအဖြစ်အပျက်ကိုမြင်သော လူပရိသတ်အပေါင်းတို့သည်လည်း ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေ၏။

Gade chapit la Kopi




Luke 18:43
30 Referans Kwoze  

ကိုယ်တော်မိန့်ဆိုသောစကားတို့သည် ကိုယ်တော့်ကိုရန်မူနေသူတို့အား အရှက်ရစေခဲ့ပြီး အခြားသောလူထုပရိသတ်အားလုံးတို့မှာမူကား ကိုယ်တော်ပြုတော်မူသည့် အံ့ဖွယ်အမှုများကို နှစ်သက်ဝမ်းမြောက်ကြလေ၏။


လူထုပရိသတ်တို့သည်လည်း အံ့သြကြောက်ရွံ့ကြလျှက် “ထူးဆန်းအံ့ဩဖွယ်အမှုအရာတို့ကို ယနေ့ပင် ငါတို့တွေ့မြင်ရလေပြီ” ဟုပြောဆိုကြပြီး ဘုရားရှင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြလေ၏။


ထို့ကြောင့် ကိုယ်တော်သည် သူမအနီးသို့ သွား၍ အဖျားရောဂါကို ပျောက်ကင်းစေရန် အမိန့်ပေးလိုက်သည်နှင့် သူမသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကို ဧည့်ဝတ်ပြုလေ၏။


သံလွင်တောင်ပေါ်မှအဆင်းတွင် တပည့်တော်များအပေါင်းတို့သည် ကိုယ်တော်ယေရှု လုပ်ဆောင်ခဲ့သမျှသော အံ့ဩဖွယ်ရာအလုံးစုံတို့အတွက် ပျော်ရွှင်စွာဖြင့် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြကာ


လူအပေါင်းတို့သည်လည်း ဘုရားရှင်၏တန်ခိုးတော်ကို ဖူးမြင်ကြရ၍ အံ့ဩမဆုံး ဖြစ်နေလေ၏။ ကိုယ်တော် ပြုတော်မူသောအရာအားလုံးကို လူအပေါင်းတို့ အံ့ဩနေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား


Swiv nou:

Piblisite


Piblisite