Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 18:22 - Musselmani Burmese

22 ထိုသို့လျှောက်တင်သည်ကို ကြားသောအခါ ကိုယ်တော်က “သို့ဆိုလျှင် သင်လုပ်ဆောင်ရန်အရာတစ်ခုကျန်နေသေး၏။ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများအားလုံးကို ရောင်းချ၍ ဆင်းရဲနွမ်းပါးသောသူတို့ကို လှူဒါန်းလော့။ သို့ပြုလျှင် သင်သည် ရွှေမြို့တော်၌ စည်းစိမ်ဥစ္စာများ ရရှိလိမ့်မည်။ ထို့နောက် ငါ၏တပည့်အဖြစ် ငါ့နောက်ကိုလိုက်လော့” ဟုမိန့်တော်မူလေ၏။

Gade chapit la Kopi




Luke 18:22
16 Referans Kwoze  

သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမဟောင်းနိုင်သော အိတ်တို့ကိုပြုလုပ်၍ သူခိုးမရောက်နိုင်၊ ပိုးမွှားတို့ မဖျက်ဆီးနိုင်သော ရွှေမြို့တော်ရှိ ဘဏ္ဍာတိုက်၌ သိမ်းဆည်းကြလော့။


တဖန် ကိုယ်တော်က တပည့်တော်များအား မိန့်ဆိုသည်မှာ “သင်တို့အား ငါဆိုသည်ကား မတရားမှုမကင်းသော လောကီစည်းစိမ်တို့ကို အသုံးပြု၍ မိမိတို့အတွက် မိတ်ဆွေများရအောင်ပြုကြလော့။ သို့ပြုလျှင် ထိုစည်းစိမ်များ ကုန်ခမ်း၍ သင်တို့သေဆုံးသောအခါ၌ ဘုရားရှင်နှင့်နတ်ဒေဝါတို့က သင်တို့ကို နိစ္စထာဝရအိမ်တော်တွင် ကြိုဆိုနေကြလိမ့်မည်။


အမှန်စင်စစ် လိုအပ်သောအရာသည် တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမွန်သောအရာကို ရွေးချယ်ထားပြီးဖြစ်၍ ၎င်းကို သူမထံမှ မဖယ်ရှားသင့်ပေ” ဟုမိန့်တော်မူလေ၏။


ထို့နောက် ကိုယ်တော်က လူထုပရိသတ်တို့အား “မည်သူမဆို ငါ၏နောက်သို့ လိုက်လိုလျှင် ကိုယ်ကျိုးကိုစွန့်၍ မိမိ၏လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းကာ နေ့စဉ်ရက်ဆက် ငါ့နောက်ကိုလိုက်ရမည်။


ထိုသူကလည်း “အကျွန်ုပ်သည် ငယ်စဉ်ကပင် ဤပညတ်တော်အားလုံးကို လိုက်နာကျင့်သုံးသောသူဖြစ်ပါ၏” ဟုလျှောက်တင်လေ၏။


ထိုဂျူးလူမျိုးအကြီးအကဲသည် အလွန်ကြွယ်ဝချမ်းသာသော်လည်း အရာအားလုံးကို ပေးကမ်းစွန့်ကြဲရန် မပြုလိုသောကြောင့် ကိုယ်တော်၏စကားကို ကြားသောအခါ အလွန်ပင် စိတ်ပျက်ဝမ်းနည်းလေ၏။


Swiv nou:

Piblisite


Piblisite