Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 17:25 - Musselmani Burmese

25 သို့သော် သူသည် ထိုအချိန်မတိုင်မီ ပထမဦးစွာ ဒုက္ခဝေဒနာကို ခံစားရ၍ ဤခေတ်လူတို့၏ငြင်းပယ်ခြင်းကို ခံရမည်။

Gade chapit la Kopi




Luke 17:25
18 Referans Kwoze  

ထို့နောက် ကိုယ်တော်က တပည့်တော်များအား “လူ့သားတော်သည် လူမျိုးအကြီးအကဲများ၊ ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများ၏ငြင်းပယ်ခြင်းကို ခံရ၍ အသေသတ်ခြင်းကိုခံရပြီး သုံးရက်မြောက်သောနေ့၌ အသက်ပြန်ရှင်တော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။


ထို့နောက် ရိုက်နှက်ကြကာ အသေသတ်ကြလိမ့်မည်။ သို့သော် လူ့သားတော်သည် သုံးရက်မြောက်နေ့၌ အသက်ပြန်ရှင်တော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။


ထို့နောက် သူတို့အား “ကျမ်းစာ၌ ကယ်တင်ရှင်မေရှိယသည် ဆင်းရဲဒုက္ခတို့ကို ခံစားရပြီးနောက် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ အသက်ပြန်ရှင်တော်မူလိမ့်မည်။


ထို့နောက် ကိုယ်တော်က သာဝကတစ်ဆယ့်နှစ်ဦးကို အနားသို့လာစေ၍ “နားထောင်ကြ။ ယခု ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားရာလမ်းတွင် ရောက်နှင့်ကြပြီ။ ထိုနေရာ၌ လူ့သားတော်နှင့်ပတ်သက်၍ အရိယာသူတော်စင်တို့ ကြိုတင်ရေးသားထားခဲ့သမျှတို့သည် ဖြစ်ပျက်လာရတော့မည်။


Swiv nou:

Piblisite


Piblisite