Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 17:20 - Musselmani Burmese

20 တစ်ခါတွင် ဖာရိရှဲအချို့က ကိုယ်တော်အား “ဘုရားရှင်၏သာသနာတော်သည် မည်သည့်အချိန်၌ ပေါ်ထွန်းမည်နည်း” ဟုမေးလျှောက်ကြသဖြင့် ကိုယ်တော်က “ဘုရားရှင်၏သာသနာတော်သည် သင်တို့မြင်နိုင်သည့်ပုံစံအားဖြင့် ပေါ်ထွန်းမည်မဟုတ်။

Gade chapit la Kopi




Luke 17:20
9 Referans Kwoze  

ထိုအချိန်၌ ကိုယ်တော်သည်လည်း ဂျေရုဆလင်မြို့အနီးသို့ ရောက်ရှိလာသဖြင့် လူထုပရိသတ်တို့သည် ကိုယ်တော်ထိုမြို့သို့ ရောက်သည်နှင့် ဘုရားရှင်၏သာသနာတော်သည် ချက်ချင်းပေါ်ထွန်းလာတော့မည်ဟု လွဲမှားစွာတွေးတောနေကြလေ၏။ ထို့ကြောင့် ကိုယ်တော်က လူထုပရိသတ်တို့ နားထောင်နေကြစဉ်တွင် သူတို့အား ပုံဥပမာတစ်ခုကို မိန့်ဆိုသည်မှာ


မောရှေ၏ပညတ်ကျမ်းနှင့် အရိယာသူတော်စင်ကျမ်းများသည် ရေနှစ်မင်္ဂလာဆရာယောဟန်ပေါ်လာ၍ တရားတော်များမဟောပြောခင်အချိန်တိုင်အောင် သင်တို့အတွက် လိုက်နာရမည့်လမ်းစဉ်များအဖြစ် ရှိခဲ့ကြ၏။ သို့သော် ယခုယောဟန်ပေါ်လာပြီးသည့်နောက် ဘုရားရှင်၏သာသနာတော်နှင့်ဆိုင်သည့် မင်္ဂလာသတင်းကောင်းကို ဟောပြောသည့်အခါ လူအပေါင်းတို့သည်လည်း သာသနာတော်သို့ အတင်းတိုးဝင်ကြ၏။


ဘုရားရှင်သည် သင်တို့အား စီရင်မည့်အကြောင်းကို သင်တို့အား သတိပေးသည့်အနေဖြင့် ငါတို့ခြေတွင် ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော်ငြား ဘုရားရှင်၏သာသနာတော်သည် ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့’ ဟုဆိုကြလော့။


တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်ယေရှုသည် ဖာရိရှဲတို့ထဲမှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး၏နေအိမ်တွင် အစားအစာသုံးဆောင်ရန် သွားရောက်စဉ် လူအားလုံးတို့သည် ကိုယ်တော်အား အနီးကပ်စောင့်ကြည့်နေကြ၏။


Swiv nou:

Piblisite


Piblisite