Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 16:25 - Musselmani Burmese

25 သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါက အကောင်းဆုံးသောအရာတို့ကို ရရှိခဲ့၍ လာဇရုသည်ကား မကောင်းသောအရာတို့ကိုသာ ရရှိခဲ့ကြောင်းကို သတိရလော့။ ယခုမူကား လာဇရုသည် ဤနေရာ၌ သက်တောင့်သက်သာနေရ၍ သင်သည်ကား ဒုက္ခဝေဒနာကို ခံစားရ၏။

Gade chapit la Kopi




Luke 16:25
25 Referans Kwoze  

တဖန် ကိုယ်တော်က “သို့သော် ချမ်းသာသောသူတို့၊ သင်တို့သည် ပြည့်စုံကြွယ်ဝသောဘဝကို နေထိုင်ခဲ့ရသည်ဖြစ်၍ သင်တို့မှာမူကား အမင်္ဂလာရှိကြ၏။


မရဏနိုင်ငံ၌ ဒုက္ခဝေဒနာခံစားရလျက်နေ၏။ သူဌေးသည် အပေါ်သို့ မျှော်ကြည့်သည့်အခါ၌ အာဗြဟံနှင့်အတူရှိသော လာဇရုကို မြင်လေ၏။


သူ၏အိမ်တံခါးဝ၌ကား တစ်ကိုယ်လုံးအနာများပေါက်နေသော လာဇရုဟုခေါ်သည့်ဆင်းရဲသားတစ်ဦးသည်


ထိုမျှမက သင်နှင့် ငါတို့အကြားတွင် အလွန်နက်သောချောက်ကြီးတစ်ခုခြားထားသဖြင့် မည်သူမျှ ဖြတ်၍ကူးလာနိုင်မည်မဟုတ်’ ဟုဆိုလေ၏။


Swiv nou:

Piblisite


Piblisite