Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 16:1 - Musselmani Burmese

1 ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား ဆက်လက်၍ မိန့်တော်မူသည်မှာ “တစ်ခါက သူဌေးတစ်ဦးသည် သူ၏လုပ်ငန်းတို့ကို စီမံခန့်ခွဲဖို့ရန် ဘဏ္ဍာစိုးတစ်ယောက်ကို ခန့်အပ်ထားလေ၏။ ထိုဘဏ္ဍာစိုးသည် သူဌေး၏ဥစ္စာပစ္စည်းများကို အလွဲသုံးစားပြုနေကြောင်း သူဌေးသည် ကြားသိရသဖြင့်

Gade chapit la Kopi




Luke 16:1
19 Referans Kwoze  

ကိုယ်တော်ကလည်း “ငါသည် သခင်၏အိမ်၌ ဘဏ္ဍာစိုးအဖြစ် စီမံခန့်ခွဲရန် ခန့်အပ်ထားသော ဉာဏ်ပညာနှင့်ပြည့်စုံ၍ သစ္စာရှိသည့်အစေအပါးကဲ့သို့သော လူတိုင်းအတွက် ဤသို့မိန့်ဆိုခြင်းဖြစ်၏။ သခင်သည်ခရီးဝေးသို့ ထွက်ခွာသောအချိန်၌ အခြားသောအစေခံများအား အချိန်တန်လျှင် အစားအစာများ ကျွေးမွေးဖို့ရန် ထိုအစေအပါးကို တာဝန်ပေး၍ ခန့်အပ်ထားလေ၏။


သို့သော်ငြား ဤသားငယ်သည် အဖေ၏ပစ္စည်းဥစ္စာတို့ကို မကောင်းသောမိန်းမများနှင့် ဖြုန်းတီးခဲ့ပြီး ပြန်လာသည့်အခါ အဖေသည် နွားပျိုကို သတ်၍ ပျော်ပွဲရွှင်ပွဲကျင်းပပေးလေသည်တကား’ ဟုဆို၏။


များမကြာမီတွင် သားငယ်သည် မိမိရှိသမျှတို့ကိုယူ၍ တိုင်းတစ်ပါးသို့ ထွက်ခွာကာ ထိုအရပ်၌ ရှိသမျှတို့ကို အကျိုးမဲ့ဖြုန်းတီးကာ မိုက်မဲစွာနေထိုင်လေ၏။


နောက်ထပ်အစေခံတစ်ဦးမှာမူ ‘အကျွန်ုပ်သည် အရှင်မင်းကြီးပေးခဲ့သည့် ငွေတစ်မိနာ့ကို ပဝါနှင့်ထုပ်၍ သိမ်းဆည်းထားပါ၏။ ဤမှာကြည့်ပါလော့။


ထို့နောက် ကိုယ်တော်က “တစ်ခါက တန်ဖိုးကြီးသောဝတ်ကောင်းစားလှများကို ဝတ်ဆင်၍ နေ့စဉ်နေ့တိုင်း စည်းစိမ်ခံစား၍ ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိလေ၏။


ဘုရင်ခံဟေရုဒ်၏အမှုထမ်းဖြစ်သူ ခုဇ၏ဇနီး ယောဟန္နနှင့် ရှုရှန္နတို့လည်း ပါဝင်ကြသည်။ သူတို့သည် မိမိစရိတ်ဖြင့် ကိုယ်တော်ယေရှုနှင့် တပည့်တော်တို့အား လုပ်ကျွေးထောက်ပံ့ကြလေ၏။


ဘဏ္ဍာစိုးကို ခေါ်လိုက်ပြီး ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးနေရာ၌ ဆက်၍ မထားနိုင်တော့သောကြောင့် သင်၏စာရင်းဇယားများအားလုံးကို တင်ပြလော့’ ဟုဆိုလေ၏။


Swiv nou:

Piblisite


Piblisite