Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 14:18 - Musselmani Burmese

18 ထိုအခါ ဧည့်သည်တို့သည် တစ်ဦးပြီးတစ်ဦး အကြောင်းအမျိုးမျိုးပြ၍ မလာနိုင်ကြောင်း ဆင်ခြေပေးကြ၏။ ပထမလူက ‘အကျွန်ုပ်သည် လယ်တစ်ကွက်ဝယ်ထားသည်ဖြစ်၍ ထိုလယ်ကို မဖြစ်မနေသွားကြည့်ရပါမည်။ ထို့ကြောင့် အကျွန်ုပ်မလာနိုင်သဖြင့် ခွင့်လွှတ်ပါ’ ဟုဆို၏။

Gade chapit la Kopi




Luke 14:18
24 Referans Kwoze  

ထိုသူ၏စိတ်ပျက်ဝမ်းနည်းနေခြင်းကို မြင်လျှင် ကိုယ်တော်က “ချမ်းသာကြွယ်ဝသောသူတို့သည် ဘုရားရှင်၏သာသနာတော်သို့ ဝင်ရောက်ရန် အလွန်ခက်ခဲလှ၏။


ဆူးချုံပင်များအောက်ကို ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာကြရသော်လည်း လောကီနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်းများ၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးအနှံမဖြစ်ထွန်းကြပေ။ ထိုသို့အသီးအနှံမဖြစ်ထွန်းသောအပင်သည် လယ်သမားအတွက် အသုံးမဝင်သကဲ့သို့ ထိုသူတို့သည်လည်း ဘုရားရှင်အတွက် အသုံးမဝင်သောသူများဖြစ်ကြ၏။


ဧည့်ခံပွဲအချိန်ရောက်လာသည့်အခါ ဖိတ်ကြားထားသောသူတို့ထံသို့ အစေခံတစ်ဦးကို စေလွှတ်၍ ‘ယခုအဆင်သင့်ဖြစ်ပြီဖြစ်၍ ပွဲဆင်နွှဲရန် ကြွကြပါ’ ဟုပြောကြားစေ၏။


အခြားတစ်ဦးက ‘အကျွန်ုပ်သည် နွားငါးရှဉ်းဝယ်ထားသည်ဖြစ်၍ ထိုနွားတို့ကို သွား၍စမ်းသပ်ရပါဦးမည်။ ထို့ကြောင့် အကျွန်ုပ်မလာနိုင်သဖြင့် ခွင့်လွှတ်ပါ’ ဟုဆိုလေ၏။


Swiv nou:

Piblisite


Piblisite