Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 14:13 - Musselmani Burmese

13 ထိုအစား သင်ဧည့်ခံပွဲကျင်းပသောအခါ၌ ဆင်းရဲနွမ်းပါးသူများ၊ မသန်စွမ်းသူများ၊ လေဖြတ်သူများနှင့် မျက်မမြင်တို့ကို ဖိတ်ကြားလော့။

Gade chapit la Kopi




Luke 14:13
34 Referans Kwoze  

အစေခံသည်လည်း ပြန်လာ၍ ထိုအကြောင်းအရာတို့ကို မိမိသခင်အား လျှောက်သဖြင့် အိမ်ရှင်သည် အမျက်ထွက်၍ မိမိအစေခံအား ‘မြို့ထဲရှိ လမ်းမများ၊ လမ်းကြားများသို့ အမြန်သွား၍ ထိုနေရာရှိ ဆင်းရဲသားများ၊ မသန်မစွမ်းသူများ၊ လေဖြတ်နေသူများနှင့် မျက်မမြင်တို့ကို ခေါ်ခဲ့လော့’ ဟုဆို၏။


သို့ဖြစ်၍ သင်တို့၌ရှိသောအရာတို့ကို ဆင်းရဲနွမ်းပါးသူတို့အား နှလုံးသားအတွင်းမှနေ၍ အပြည့်အဝပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့သည် အမှန်စင်စစ် ဘုရားရှင်၏ရှေ့တော်၌စင်ကြယ်ကြလိမ့်မည်။


တဖန် ကိုယ်တော်က မိမိကိုဖိတ်ကြားသောသူအား “သင်သည် ဧည့်ခံပွဲကျင်းပသည့်အခါ၌ မိတ်ဆွေများ၊ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် ချမ်းသာသောအိမ်နီးချင်းများကို ဖိတ်ကြားခြင်းမပြုနှင့်။ ထိုသို့ပြုလျှင် သူတို့သည်လည်း သင့်ကိုပြန်ဖိတ်၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။


ထိုသူတို့သည် သင့်ကိုပြန်၍ကျေးဇူးမတုံ့ပြန်နိုင်ကြသဖြင့် သင်သည် မင်္ဂလာရှိပေလိမ့်မည်။ ဖြောင့်မတ်သောသူတို့ သေရာမှပြန်ရှင်သန်သည့်အချိန်၌ ဘုရားရှင်သည် သင့်အား ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံစေလိမ့်မည်” ဟုမိန့်တော်မူ၏။


Swiv nou:

Piblisite


Piblisite