Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 14:1 - Musselmani Burmese

1 တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်ယေရှုသည် ဖာရိရှဲတို့ထဲမှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး၏နေအိမ်တွင် အစားအစာသုံးဆောင်ရန် သွားရောက်စဉ် လူအားလုံးတို့သည် ကိုယ်တော်အား အနီးကပ်စောင့်ကြည့်နေကြ၏။

Gade chapit la Kopi




Luke 14:1
19 Referans Kwoze  

ထို့ကြောင့် ကျမ်းတတ်ဆရာများနှင့် ပုရောဟိတ်အကြီးအကဲတို့သည် ကိုယ်တော်ကို စောင့်ကြည့်လျှက် စကားတို့တွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံလက်ထဲသို့ ဖမ်းဆီးအပ်နှံနိုင်ရန် ဖြောင့်မတ်ယောင်ဆောင်ထားသော သူလျှိုများကို စေလွှတ်ကြ၏။


ထိုသို့ မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ဦးသည် ကိုယ်တော်အား အစားအစာဖြင့် တည်ခင်းဧည့်ခံရန် သူ၏အိမ်သို့ ပင့်ဖိတ်သဖြင့် ကိုယ်တော်သည် ကြွတော်မူ၍ စားပွဲ၌ထိုင်တော်မူ၏။


ဖာရိရှဲနှင့် ကျမ်းတတ်ဆရာအချို့သည်လည်း ကိုယ်တော်ယေရှုကို စွပ်စွဲစရာအကြောင်းပြချက် ရှာတွေ့နိုင်ရန်အတွက် ကိုယ်တော်သည် ဥပုသ်နေ့၌ တစ်စုံတစ်ယောက်ကို ကျန်းမာစေမည်လောဆိုသည်ကို အနီးကပ်စောင့်ကြည့်နေကြ၏။


ထိုစဉ် ခြေလက်ဖောရောင်ရောဂါ ခံစားနေရသော လူတစ်ဦးသည် ကိုယ်တော်၏ရှေ့ ၌ ရှိလေ၏။


တစ်ခါတွင် ဖာရိရှဲအချို့က ကိုယ်တော်အား “ဘုရားရှင်၏သာသနာတော်သည် မည်သည့်အချိန်၌ ပေါ်ထွန်းမည်နည်း” ဟုမေးလျှောက်ကြသဖြင့် ကိုယ်တော်က “ဘုရားရှင်၏သာသနာတော်သည် သင်တို့မြင်နိုင်သည့်ပုံစံအားဖြင့် ပေါ်ထွန်းမည်မဟုတ်။


Swiv nou:

Piblisite


Piblisite