Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 13:17 - Musselmani Burmese

17 ကိုယ်တော်မိန့်ဆိုသောစကားတို့သည် ကိုယ်တော့်ကိုရန်မူနေသူတို့အား အရှက်ရစေခဲ့ပြီး အခြားသောလူထုပရိသတ်အားလုံးတို့မှာမူကား ကိုယ်တော်ပြုတော်မူသည့် အံ့ဖွယ်အမှုများကို နှစ်သက်ဝမ်းမြောက်ကြလေ၏။

Gade chapit la Kopi




Luke 13:17
19 Referans Kwoze  

ထိုအချိန်မှစ၍ မည်သူတစ်ဦး တစ်ယောက်မှ ကိုယ်တော်အား ထိုကဲ့သို့ ထောင်ချောက်ဆင်သည့် မေးခွန်းများ မမေးလျှောက်ဝံ့ကြတော့ပေ။


လူထုပရိသတ်အများတို့သည် ကိုယ်တော်ဟောပြောသွန်သင်သည်တို့ကို နာကြားရန် ဆန္ဒပြင်းပြလျှက် အနီးကပ်နေနေကြသောကြောင့် သူတို့သည် ကိုယ်တော့်အား လုပ်ကြံသတ်ဖြတ်ရန် နည်းလမ်းကို ကြံစည်၍ မရနိုင်ဖြစ်နေကြ၏။


ထိုချက်ချင်းပင် ထိုသူသည် မျက်စိပြန်မြင်ပြီးလျှင် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းလျှက် ကိုယ်တော်ယေရှု၏နောက်တော်သို့ လိုက်ပါသွားလေ၏။ ထိုအဖြစ်အပျက်ကိုမြင်သော လူပရိသတ်အပေါင်းတို့သည်လည်း ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေ၏။


သို့သော် လူတို့သည် တစ်စုံတစ်ရာ ပြန်လည်၍ ဖြေကြားခြင်း မပြုနိုင်ကြပေ။


Swiv nou:

Piblisite


Piblisite