Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 13:11 - Musselmani Burmese

11 ထိုနေရာ၌ မကောင်းဆိုးဝါးပြုစားခံရ၍ တစ်ဆယ့်ရှစ်နှစ်ကြာ ခါးကုန်းပြီး တည့်မတ်စွာမရပ်နိုင်သော အမျိုးသမီးတစ်ဦးရှိနေ၏။

Gade chapit la Kopi




Luke 13:11
20 Referans Kwoze  

ထိုသို့သွားရာ၌ အနာရောဂါ ပျောက်ကင်းစေခြင်းခံခဲ့ရသူများနှင့် မကောင်းဆိုးဝါးပူးကပ်ခြင်းမှ ပျောက်ကင်းစေခဲ့ဖူးသော အမျိုးသမီးအချို့လည်း ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။ ထိုအမျိုးသမီးတို့တွင် မကောင်းဆိုးဝါးခုနစ်ကောင် ထွက်ခဲ့သော မာဂဒလရွာသူ မာရိ၊


ဤသို့ဆိုလျှင် တစ်ဆယ့်ရှစ်နှစ်ကြာ မကောင်းဆိုးဝါးပြုစားခံထားရသည့် အာဗြဟံ၏သမီးဖြစ်သော ဤအမျိုးသမီးကိုလည်း ဥပုသ်နေ့၌ လွတ်မြောက်ခွင့်ပေးသင့်သည်မဟုတ်လော” ဟုမိန့်တော်မူ၏။


ထိုနေရာသို့ရောက်၍ ကိုယ်တော်သည် ကမ်းပေါ်သို့တက်သောအခါ ထိုမြို့မှ မကောင်းဆိုးဝါးပူးကပ်နေသူတစ်ဦးသည် ကိုယ်တော့်အား လာရောက်တွေ့ဆုံလေ၏။ သူ့တွင် မကောင်းဆိုးဝါးပူးကပ်နေသည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်၍ သူသည် အိမ်၌လည်းမနေ၊ အဝတ်အစားလည်းမဝတ်ဘဲ သင်္ချိုင်းဂူများကြားတွင်သာ လှည့်လည်နေထိုင်လေ၏။


ထိုလူအစုအဝေးထဲတွင် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသော အမျိုးသမီးတစ်ဦးသည်လည်း ရှိနေလေ၏။ သူမသည် ရှိသမျှငွေအကုန်ခံ၍ ဆေးဆရာများစွာတို့နှင့် ကုသသော်လည်း မည်သူမျှ သူမ၏ရောဂါအား ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိခဲ့ပေ။


ကိုယ်တော်သည် ထိုအမျိုးသမီးကို မြင်လျှင် အထံတော်သို့ခေါ်၍ “အမျိုးသမီး၊ သင်သည် ယခုအချိန်မှစ၍ အကောင်းပကတိဖြစ်ပြီ” ဟူ၍ မိန့်တော်မူပြီးလျှင်၊


ထို့ကြောင့် ဤကဲ့သို့ဆိုးရွားသောနိမိတ်လက္ခဏာများ စတင်ဖြစ်ပေါ်လာသည့်အချိန်၌ သင်တို့သည် သံသရာဝဋ်ဆင်းရဲမှနေ၍ လွတ်မြောက်စေခြင်းကို ရတော့မည်ဖြစ်သဖြင့် မားမားမတ်မတ်ရပ်၍ ခေါင်းကို မော့ထားကြလော့” ဟုမိန့်တော်မူ၏။


Swiv nou:

Piblisite


Piblisite