Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 12:1 - Musselmani Burmese

1 ထိုအချိန်၌ ထောင်ပေါင်းများစွာသော လူထုပရိသတ်တို့သည် စုဝေးလာကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် တက်နင်းမိလောက်အောင် ဖြစ်ကြ၏။ ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်များအား ဦးစွာပထမမိန့်ဆိုသည်မှာ “ဖာရိရှဲတို့၏တဆေးဖြစ်သော သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။

Gade chapit la Kopi




Luke 12:1
18 Referans Kwoze  

သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ကြည့်၍ ရာသီဥတုကို ခန့်မှန်းနိုင်ကြသော်လည်း ဤအချိန်ကာလ၌ မည်သည်တို့ဖြစ်ပျက်နေသည်ကို အဘယ်ကြောင့်ခွဲခြားမသိနိုင်ကြသနည်း။


သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကွင်းပြင်ထဲရှိ အမှတ်အသားမရှိသော သင်္ချိုင်းဂူများနှင့်တူ၏။ လူတို့သည် ၎င်းတို့အပေါ်၌ မသိဘဲ သွားလာတတ်ကြသောအခါ ထိုလူတို့သည်လည်း မစင်ကြယ်ခြင်းသို့ရောက်ကြရ၏” ဟုမိန့်တော်မူ၏။


ထို့နောက် ကိုယ်တော်သည် သာဝကများနှင့်အတူ တောင်ပေါ်မှ ကြွဆင်းလာ၍ မြေပြန့်အရပ်တွင် ရပ်တော်မူလေ၏။ ထိုနေရာ၌ တပည့်တော်များစွာနှင့်အတူ ယုဒပြည်၊ ဂျေရုဆလင်မြို့၊ တုရုနှင့်ဇိဒုန်မြို့ ကမ်းနားတစ်လျှောက်လုံးရှိ မြို့များစွာတို့မှ လူထုပရိသတ်များစွာတို့သည်လည်း ရောက်ရှိနေကြ၏။


သို့သော်လည်း ကိုယ်တော်၏ဂုဏ်သတင်းသည် နေရာဒေသအရပ်ရပ်သို့ ပိုမိုပျံ့နှံ့သွားသဖြင့် လူအစုအဝေးတို့သည်လည်း ကိုယ်တော်၏ဟောပြောသွန်သင်ချက်များကို နားထောင်ရန်နှင့် နာမကျန်းခြင်းမှ ပျောက်ကင်းစေခြင်းရရန် စုရုံးလာကြ၏။


တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် ဂင်္နေသရက်အိုင်နားတွင် ရပ်နေတော်မူနေစဉ် လူထုပရိသတ်တို့သည် ဘုရားရှင်၏နှုတ်ကပတ်တော်ကို ကြားနာရန် ကိုယ်တော်၏ပတ်လည်၌ စုဝေးရောက်ရှိလာကြ၏


Swiv nou:

Piblisite


Piblisite