Luke 11:45 - Musselmani Burmese45 ထိုအခါ ကျမ်းတတ်ဆရာတစ်ဦးက “ဆရာ၊ ဤသို့မိန့်ဆိုခြင်းသည် အကျွန်ုပ်တို့ကိုလည်း ပြစ်တင်ရှုတ်ချရာရောက်ပါ၏” ဟုလျှောက်တင်သဖြင့် Gade chapit la |
ကိုယ်တော်က “ကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်း အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် လူများအား လိုက်နာကြရန် စည်းမျည်းစည်းကမ်းများစွာ ထားရှိကြသည်မှာ လူတို့မထမ်းနိုင်သည့် လေးလံသောဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးခိုင်းသကဲ့သို့ဖြစ်ကြ၏။ သို့သော် သင်တို့သည်ကား ၎င်းတို့ကို သင်တို့၏လက်ညှိုးတစ်ချောင်းနှင့်ပင် တို့ထိ၍ သူတို့အား မကူညီကြ။