Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 11:41 - Musselmani Burmese

41 သို့ဖြစ်၍ သင်တို့၌ရှိသောအရာတို့ကို ဆင်းရဲနွမ်းပါးသူတို့အား နှလုံးသားအတွင်းမှနေ၍ အပြည့်အဝပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့သည် အမှန်စင်စစ် ဘုရားရှင်၏ရှေ့တော်၌စင်ကြယ်ကြလိမ့်မည်။

Gade chapit la Kopi




Luke 11:41
37 Referans Kwoze  

သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမဟောင်းနိုင်သော အိတ်တို့ကိုပြုလုပ်၍ သူခိုးမရောက်နိုင်၊ ပိုးမွှားတို့ မဖျက်ဆီးနိုင်သော ရွှေမြို့တော်ရှိ ဘဏ္ဍာတိုက်၌ သိမ်းဆည်းကြလော့။


တဖန် ကိုယ်တော်က တပည့်တော်များအား မိန့်ဆိုသည်မှာ “သင်တို့အား ငါဆိုသည်ကား မတရားမှုမကင်းသော လောကီစည်းစိမ်တို့ကို အသုံးပြု၍ မိမိတို့အတွက် မိတ်ဆွေများရအောင်ပြုကြလော့။ သို့ပြုလျှင် ထိုစည်းစိမ်များ ကုန်ခမ်း၍ သင်တို့သေဆုံးသောအခါ၌ ဘုရားရှင်နှင့်နတ်ဒေဝါတို့က သင်တို့ကို နိစ္စထာဝရအိမ်တော်တွင် ကြိုဆိုနေကြလိမ့်မည်။


ထို့နောက် ဇက္ခဲသည် မတ်တပ်ရပ်လျှက် ကိုယ်တော်အား “ကိုယ်တော်၊ ကိုယ်တော်၊ အကျွန်ုပ်၏ပစ္စည်းဥစ္စာတစ်ဝက်ကို ဆင်းရဲနွမ်းပါးသည့်သူတို့အား ခွဲဝေပေးပါမည်။ လူတို့ထံမှ မတရားတောင်းခံထားမိခဲ့သောအခွန်ငွေတို့ကိုလည်း လေးဆပို၍ ပြန်အမ်းလိုက်ပါမည်” ဟုလျှောက်တင်လေ၏။


ထိုသို့လျှောက်တင်သည်ကို ကြားသောအခါ ကိုယ်တော်က “သို့ဆိုလျှင် သင်လုပ်ဆောင်ရန်အရာတစ်ခုကျန်နေသေး၏။ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများအားလုံးကို ရောင်းချ၍ ဆင်းရဲနွမ်းပါးသောသူတို့ကို လှူဒါန်းလော့။ သို့ပြုလျှင် သင်သည် ရွှေမြို့တော်၌ စည်းစိမ်ဥစ္စာများ ရရှိလိမ့်မည်။ ထို့နောက် ငါ၏တပည့်အဖြစ် ငါ့နောက်ကိုလိုက်လော့” ဟုမိန့်တော်မူလေ၏။


Swiv nou:

Piblisite


Piblisite