Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 11:29 - Musselmani Burmese

29 လူထုပရိသတ်တို့ ဝန်းရံစုရုံးလာကြစဉ် ကိုယ်တော်က “ယနေ့ခေတ်လူတို့သည် ဆိုးညစ်သောသူများဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် ဘုရားရှင်က ငါ့အား စေလွှတ်သည်ဆိုသည်ကို သက်သေအဖြစ် အံ့ဖွယ်နိမိတ်လက္ခဏာကို ပြစေလိုကြ၏။ သို့သော်ငြား သင်တို့မြင်ရမည့်တစ်ခုတည်းသောနိမိတ်လက္ခဏာသည် ရှေးယခင်က အရိယာသူတော်စင်ယောန၌ဖြစ်ခဲ့သောနိမိတ်လက္ခဏာမျိုးပင် ဖြစ်ပေလိမ့်မည်။

Gade chapit la Kopi




Luke 11:29
19 Referans Kwoze  

အခြားသောသူများကလည်း ကိုယ်တော်အား စမ်းသပ်လိုကြသဖြင့် ဘုရားရှင်ထံတော်မှဖြစ်သော နိမိတ်လက္ခဏာ တစ်ခုခုကိုပြသရန် တောင်းဆိုကြ၏။


ထိုအချိန်၌ ထောင်ပေါင်းများစွာသော လူထုပရိသတ်တို့သည် စုဝေးလာကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် တက်နင်းမိလောက်အောင် ဖြစ်ကြ၏။ ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်များအား ဦးစွာပထမမိန့်ဆိုသည်မှာ “ဖာရိရှဲတို့၏တဆေးဖြစ်သော သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။


ထို့ကြောင့် ယနေ့ခေတ်မျိုးဆက်တို့သည် ကမ္ဘာဦးအစမှနေ၍ ထိုသူတို့ဘိုးဘေးများ သတ်ဖြတ်ခဲ့ကြသော အရိယာသူတော်စင်များအတွက် အပြစ်ဒဏ်စီရင်ခြင်းကို ခံရပေလိမ့်မည်။


ထိုအခါ ကိုယ်တော်က လူပရိသတ်အပေါင်းတို့အား “အို ယုံကြည်ခြင်းမရှိ၊ လမ်းလွဲဖောက်ပြန်နေသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍ သင်တို့ကို သည်းခံနေရဦးမည်နည်း” ဟုမိန့်တော်မူပြီးလျှင် ကိုယ်တော်က ထိုလူအား “သင်၏သားကို ငါ့ထံခေါ်ခဲ့လော့” ဟုမိန့်တော်မူ၏။


Swiv nou:

Piblisite


Piblisite