Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 11:1 - Musselmani Burmese

1 တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် တစ်နေရာ၌ ဝတ်ပြုဆုတောင်းလျက်နေတော်မူ၏။ ဝတ်ပြုဆုတောင်းပြီးသောအခါ တပည့်တော်တစ်ဦးက “ကိုယ်တော်၊ ရေနှစ်မင်္ဂလာဆရာယောဟန်သည် သူ၏တပည့်များကို သင်ပေးသကဲ့သို့ အကျွန်ုပ်တို့ကိုလည်း ဆုတောင်းရန်သင်ပေးတော်မူပါ” ဟုလျှောက်ထားလေ၏။

Gade chapit la Kopi




Luke 11:1
14 Referans Kwoze  

တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် တောင်ပေါ်သို့ သွားရောက်၍ တစ်ညလုံး ဘုရားရှင်ထံ ဝတ်ပြုဆုတောင်းလျက်နေတော်မူ၏။


တစ်နေ့သ၌ ကိုယ်တော်တစ်ပါးတည်း ဆုတောင်းနေစဉ် တပည့်တော်များ ရောက်လာကြရာ ကိုယ်တော်က သူတို့အား “လူတို့က ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟုမေးမြန်းလိုက်၏။


ထိုသို့မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်အကြာတွင် ကိုယ်တော်သည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့ကို ခေါ်ဆောင်၍ ဝတ်ပြုဆုတောင်းရန်အတွက် တောင်ပေါ်သို့ကြွတော်မူ၏။


ကိုယ်တော်သည် ထိုမုဆိုးမကို မြင်သောအခါ သူမအား အလွန်သနားကရုဏာသက်ဝင်၍ “မငိုနှင့်” ဟုမိန့်တော်မူ၏။


ကိုယ်တော်ထံသို့ စေလွှတ်၍ “ကိုယ်တော်သည် အကျွန်ုပ်တို့မျှော်လင့်စောင့်စားနေရသည့် မေရှိယအရှင်ဟုတ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့ အခြားသူတစ်ပါးကို စောင့်ရဦးမည်လော” ဟုမေးမြန်းလျှောက်တင်စေလေ၏။


အမှန်စင်စစ် လိုအပ်သောအရာသည် တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမွန်သောအရာကို ရွေးချယ်ထားပြီးဖြစ်၍ ၎င်းကို သူမထံမှ မဖယ်ရှားသင့်ပေ” ဟုမိန့်တော်မူလေ၏။


ထိုအခါ ကိုယ်တော်က “သင်တို့ဆုတောင်းကြသောအခါ ‘ရွှေမြို့တော်၌ရှိတော်မူသောအဖဘုရား၊ အဖဘုရား၏နာမတော်သည် ရိုသေလေးမြတ်ခြင်းခံရပါစေသော်။ သာသနာတော်ပေါ်ထွန်းပါစေသော်။


Swiv nou:

Piblisite


Piblisite