Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 10:17 - Musselmani Burmese

17 ထို့နောက်တွင် တပည့်တော်ခုနှစ်ဆယ်ဦးတို့သည် ရွှင်လန်းဝမ်းမြောက်စွာဖြင့် ပြန်လာကြပြီးလျှင် ကိုယ်တော့်အား “ကိုယ်တော်၊ အကျွန်ုပ်တို့သည် မကောင်းဆိုးဝါးတို့ကို ကိုယ်တော်၏နာမတော်ကိုအသုံးပြု၍ အမိန့်ပေးသောအခါ သူတို့သည်နာခံကြပါ၏” ဟုလျှောက်တင်ကြ၏။

Gade chapit la Kopi




Luke 10:17
8 Referans Kwoze  

ထို့နောက် ကိုယ်တော်သည် သာဝကတစ်ဆယ့်နှစ်ဦးကို ခေါ်၍ စုဝေးစေပြီးလျှင် မကောင်းဆိုးဝါးအပေါင်းတို့ကို နှင်ထုတ်နိုင်ရန်နှင့် အနာရောဂါတို့ကို ပျောက်ကင်းစေနိုင်သော တန်ခိုးအာဏာတို့ကို ပေးအပ်လေ၏။


ထို့နောက် ကိုယ်တော်သည် အခြားသော တပည့်တော်ခုနစ်ဆယ်ဦးကို ရွေးချယ်ကာ နှစ်ယောက်တစ်တွဲစီတွဲ၍ ကိုယ်တော်ကြွတော်မူမည့် မြို့တိုင်း၊ ရွာတိုင်းသို့ ကြိုတင်စေလွှတ်တော်မူ၏။


ထိုမြို့ရှိ နာမကျန်းဖြစ်သူများကို ကျန်းမာစေ၍ ‘ဘုရားရှင်၏သာသနာတော်ပေါ်ထွန်းရန် အချိန်နီးကပ်လာပြီ’ ဟုသူတို့ကို ဟောပြောကြလော့။


သို့သော်လည်း သင်တို့သည် မကောင်းဆိုးဝါးတို့ကို နှင်ထုတ်နိုင်ရုံမျှနှင့် ဝမ်းမြောက်ခြင်းမရှိကြနှင့်။ ထိုအစား သင်တို့၏အမည်များကို ရွှေမြို့တော်၌ရေးမှတ်ထားခြင်းခံရသည့်အတွက်သာ ဝမ်းမြောက်ပျော်ရွှင်ကြလော့” ဟုမိန့်တော်မူ၏။


Swiv nou:

Piblisite


Piblisite