Biblia Todo Logo
Bib sou entènèt

- Piblisite -




Luke 1:32 - Musselmani Burmese

32 ထိုသားသည်ကြီးမြတ်လိမ့်မည်။ အမြင့်မြတ်ဆုံးသောအရှင်မြတ်၏သားတော်ဟု အခေါခံရလိမ့်မည်။ ထာဝရအရှင်အလ္လာဟ်အရှင်မြတ်သည် သူ့အဖဒါဝူဒ်မင်း၏နန်းမွေကို သူ့အားပေးတော်မူလိမ့်မည်။

Gade chapit la Kopi




Luke 1:32
39 Referans Kwoze  

“ဖရိချ်သာ” ကောင်းကင်တမန်က “ရူဟုလ်ကုဒွတ်စ် သန့်ရှင်းသောဝိညာဥ်တော်သည် သင်၏အပေါ်သို့ သက်ရောက်လိမ့်မည်။ အမြင့်မြတ်ဆုံးသောအရှင်မြတ်၏ ‘ကူဒူရသ်’ တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့် သင်မွေးဖွားမည့်ကလေးငယ်သည် သန့်ရှင်းမြင့်မြတ်သူဟူ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏သားတော်ဟူ၍လည်းကောင်း ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။


“အသင်ကလေးငယ်၊ သင်သည် အမြင့်မြတ်ဆုံးသောအလ္လာဟ်အရှင်မြတ်သခင်၏ နဗီတမန်တော်ဟု ခေါ်ခံရလိမ့်မည်။အကြောင်းမူကား သင်သည် အရှင်ကိုယ်တော်အတွက်လမ်းကို အသင့်ပြင်ဆင်ရမည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊


ထို့ကြောင့် သင်တို့သည် ရန်သူများကို မေတ္တာထား၍ သူတို့အတွက် ကောင်းကျိုးကိုပြုကြလော့။ ပြန်လည်ရရှိရန် မျှော်လင့်ချက်မထားဘဲ ချေးငှားကြလော့။ ဘုရားရှင်သည် ကျေးဇူးမသိသူများနှင့် ဆိုးယုတ်သောသူတို့ကိုပင် မေတ္တာထားတော်မူသည်ဖြစ်၍ သင်တို့ ထိုသို့ပြုလျှင်ကား အကျိုးကျေးဇူးကြီးစွာရ၍ အမြင့်မြတ်ဆုံးသောဘုရားရှင်၏သားသမီးများ ဖြစ်ကြပေလိမ့်မည်။


ထို့ကြောင့် ယောဟန်က သူတို့အား “ငါသည် လူတို့ကို ရေဖြင့် နှစ်ခြင်းမင်္ဂလာပေးသည်မှာမှန်၏။ သို့သော် ငါ့ထက် မြင့်မြတ်သောသူသည် လာနေပြီဖြစ်၏။ ငါသည် သူ၏ဖိနပ်ကြိုးကိုပင် ဖြေပေးရန် မထိုက်တန်ပေ။ သူသည် သင်တို့အား ဉာဏ်အလင်းတော်အားဖြင့်လည်းကောင်း၊ မီးအားဖြင့်လည်းကောင်း နှစ်ခြင်းမင်္ဂလာပြုပေးလိမ့်မည်။


အကြောင်းမူကား၊ သူသည် အလ္လာဟ်၏ရှေ့တော်တွင် ကြီးမြတ်သူဖြစ်လိမ့်မည်။ သူသည်စပျစ်ရည်နှင့် သေရည်သေရက်ကို မသောက်ဘဲနေရမည်။ မိခင်ဝမ်းထဲမှာ ရှိစဉ်ကတည်းကပင် သူသည် ‘ရူဟုလ်ကုဒွတ်စ်’ သန့်ရှင်းသောဝိညာဥ်တော်နှင့် ပြည့်ဝလိမ့်မည်။


Swiv nou:

Piblisite


Piblisite