43 လူတိုင်းသည်ဘုရားရှင်၏ မဟာတန်ခိုးတော် အနန္တတို့ကို ဖူးမြင်ကြရ၍ အံ့ဩမဆုံးဖြစ်နေလေသည်။
ချက်ချင်း ပင် မျက်စိမြင်သွားလေသည်။ သူသည် ကိုယ်တော်နှင့်အတူ လိုက်သွားပြီး ဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းလေ သည်။ ထိုအဖြစ်အပျက်များကိုမြင်သောလူထုသည်လည်း ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေသည်။
ဓမ္မာရုံမှ လူအပေါင်းတို့သည်လည်း အံ့ဩလျက် “ဤသည်ကား မည်သို့သောစကားနည်း။ ဤသူ မောင်းထုတ်လိုက်သည်နှင့် မကောင်းဆိုးဝါးသည် ထွက်ခွာသွားရသည့် အခွင့်အာဏာနှင့် တန်ခိုးများ ဤသူ၌ရှိနေပါသည်တကား” ဟုအချင်းချင်း ပြောဆိုကြကုန်၏။
လူထုပရိသတ်တို့သည်လည်း အံ့သြကြောက်ရွံ့ကြလျှက် “ထူးဆန်းအံ့ဩဖွယ်အမှုအရာတို့ကို ယနေ့ပင် ငါတို့တွေ့မြင်ရလေပြီ” ဟုပြောဆိုကြပြီး ဘုရားရှင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြလေ၏။
ဤသို့ဆိုရခြင်းမှာ ရှိမုန်နှင့်တကွ သူ၏အပေါင်းအပါတို့ဖြစ်သော ဇေဗေဒဲ၏သားနှစ်ဦးဖြစ်သူ ယာကုပ်နှင့်ယောဟန်တို့အားလုံးသည် သူတို့ဖမ်းမိသော ငါးအရေအတွက်မှာ များပြားလှသဖြင့် အံ့ဩမဆုံးဖြစ်ကြသောကြောင့်ဖြစ်၏။
ထို့နောက် ကိုယ်တော်က တပည့်တော်များအား “သင်တို့၏ယုံကြည်ခြင်းသည် အဘယ်မှာနည်း” ဟုမေးတော်မူလျှင် သူတို့သည် အံ့ဩတုန်လှုပ်ကြလျက် “ဤသူကား မည်သို့သောသူနည်း။ လှိုင်းလေများကပင် သူ့အမိန့်ကို နာခံကြပါသည်တကား” ဟူ၍ အချင်းချင်းပြောဆိုကြလေ၏။
ထိုကလေးကိုခေါ်လာစဉ် မကောင်းဆိုးဝါးသည် သူ့အားဝင်ပူးပြီး တစ်ကိုယ်လုံး တုန်လှုပ်စေလေသည်။ ကိုယ်တော်က မကောင်းဆိုးဝါးအား အမိန့်ပေးလိုက်ရာ ရပ်တန့်သွားလေ၏။ ကိုယ်တော်သည် ထိုယောင်္ကျားလေး ကို ကုသပေးပြီး သူ့ဖခင်ထံသို့ပြန်လည်အပ်နှံလိုက်လေ သည်။