34 ပေတရု ထိုသို့လျှောက်ထားစဉ် မိုးတိမ်တိုက်တစ်ခုသည် သူတို့ အပေါ်မှအုပ်မိုးထား၍ အရိပ်ကျနေ၏။ သူတို့သည် မိုးတိမ် တိုက်ကြီး သူတို့အပေါ်အုပ်မိုးထား၍ အလွန်ကြောက်ရွံ့ တုန်လှုပ်လာကြလေသည်။
မောရှေနှင့်ဧလိယတို့ ထွက်ခွာသွားသည့်အခါ ပေတရုက ကိုယ်တော်အား"အရှင်-ဤအရပ်သည် အလွန် နေချင်စဖွယ်ဖြစ်ပါသည် ကိုယ်တော်အတွက်တဲတစ်ဆောင် ၊ဧလိယအတွက် တဲတစ်ဆောင်၊ မောရှေအတွက် တဲတစ် ဆောင်၊ အကျွန်ုပ်တို့ ဆောက်လုပ်လှူဒါန်းပါရစေ"ဟု လျှောက်ထားလိုက်သည်။ သို့သော် သူသည်သူ့ကိုယ်သူ ဘာတွေပြောလိုက်သည်ကိုပင် မသိချေ။
ထိုအချိန်တွင် မိုးတိမ်တိုက် မှ “ဤသူသည် ငါရွေးချယ်တော်မူသောသားဖြစ်သည်။ သူ့ စကားကိုနားထောင်ကြပါ” ဟူသော အသံတော်တစ်ခု ထွက်ပေါ်လာလေသည်။