2 ထို့နောက်သူတို့အားဘုရားရှင်၏သာသနာပြု ရန်နှင့် အနာရောဂါကုသရန် စေလွှတ်လိုက်လေသည်။
ထို့နောက် အရှင်သည် အခြားသောတပည့်တော်ခုနှစ် ဆယ့်နှစ်ဦးကို ရွှေးချယ်ပြီး နှစ်ယောက်တစ်တွဲစီတွဲ၍ ကိုယ်တော်ကြွမည့် မြို့တိုင်းရွာတိုင်းသို့ ကြိုတင်စေလွှတ် လိုက်၏
"ကျွန်ုပ်တို့ သင်တို့အား သတိပေးတဲ့အနေနှင့် ငါတို့ခြေထောက်က ဖုန်မှုန့်တွေကိုခါချခဲ့မယ်၊ ဘုရားရှင်၏သာသနာသည် ဤ နေရာသို့ရောက်လာတော့မည်”ဟုပြောခဲ့ကြပါ။
လူမမာများကိုကုသသောအခါ“ဘုရားရှင်၏သာသနာ ဤနေရာတွင်ထွန်း ကားမည်"ဟုပြောပါ။
ရေနှစ် မင်္ဂလာဆရာယောဟန် ခေတ်မတိုင်မီထိ လူတို့သည် မောရှေကျမ်းများနှင့် ပရောဖက်တို့၏ ကျမ်းစာအုပ် ကြီးများအတိုင်း လိုက်နာခဲ့ကြရသည်။ သို့သော်လည်း ဘုရားရှင်၏သာသနာတော်ရောက်ရှိလာသည့် အခါတွင်မူ လူအများသည် သာသနာတော်ထဲသို့ ဝင်ရောက်ရန် ကြိုးစားလာကြသည်။
သို့ရာတွင် များစွာသောလူတို့ သည် ကိုယ်တော်ကိုလိုက်ရှာပြီး ကိုယ်တော့်နောက်သို့ လိုက်လာခဲ့ကြရာ ကိုယ်တော်လည်း သူတို့အားကြိုဆိုရ လေတော့သည်။ ကိုယ်တော်က ဘုရားရှင်၏သာသနာ တော် အကြောင်းရှင်းလင်းဟောကြားပြီး ရောဂါသည်တို့ကို လည်း ပျောက်ကင်းစေတော်မူလေသည်။