44 ထို့ကြောင့် သူမသည် ကိုယ်တော်၏နောက်တော်ပါးသို့ ချဉ်းကပ်လျှက် ကိုယ်တော်၏ဝတ်ရုံအား လက်ဖြင့်တို့ထိလိုက်သည်နှင့် ချက်ချင်းပင် သူမ၏သွေးသွန်ရောဂါမှာ ပျောက်ကင်းသွားလေ၏။
သူ၏လက်တော်နှင့် သူမကို ထိပေးလိုက် သောအခါ ချက်ချင်းပင် သူမသည် ခါးဆန့်သွားသဖြင့် မတ်တပ်ရပ်လိုက်ပြီး ဘုရားရှင်၏ ဂုဏ်ကျေးဇူးကို ချီးမွှမ်း တော်မူလေသည်။
ထို့နောက် သူမသည် ကိုယ်တော်၏နောက်တော်ပါးသို့ လာ၍ ခြေတော်ရင်း၌ ငိုကြွေးလျှက် သူမ၏မျက်ရည်တို့ဖြင့် ကိုယ်တော်၏ခြေထောက်အား စိုစေကာ ဦးခေါင်းမှ ဆံပင်တို့ဖြင့် သုတ်၍ ခြောက်သွေ့စေ၏။ ထို့နောက် ကိုယ်တော်၏ခြေတော်အစုံကို နမ်းရှိုက်လိုက်ပြီး ဆီမွှေးဖြင့် လိမ်းကျံလေ၏။
ထိုလူအစုအဝေးထဲတွင် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသော အမျိုးသမီးတစ်ဦးသည်လည်း ရှိနေလေ၏။ သူမသည် ရှိသမျှငွေအကုန်ခံ၍ ဆေးဆရာများစွာတို့နှင့် ကုသသော်လည်း မည်သူမျှ သူမ၏ရောဂါအား ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိခဲ့ပေ။
ထိုအခါ ကိုယ်တော်က “ငါ့ကို မည်သူတို့ထိလိုက်သနည်း” ဟုမေးသောအခါ လူတို့ကလည်း မိမိတို့မတို့ထိကြောင်းကို ငြင်းဆန်ကြပြီး ပေတရုက “ကိုယ်တော်၏ဘေးပတ်လည်၌ လူအုပ်ကြီးသည် တိုးဝှေ့နေကြပါသည်” ဟုလျှောက်ထားလေ၏။