4 မြို့ရွာအနှံ့အပြားမှ များစွာသောလူအပေါင်းတို့သည် အထံတော်သို့လာ၍ စုဝေးလျက်ရှိကြသောအခါ ကိုယ်တော်က ထိုသူတို့အား ပုံဥပမာတစ်ခုဖြင့် မိန့်တော်မူသည်မှာ
“တစ်ခါက လယ်သမားတစ်ဦးသည် လယ်ကွင်း၌ မျိုးစေ့ကြဲရန် သွားလေ၏။ သူမျိုးစေ့ကြဲသောအခါ အချို့သောမျိုးစေ့သည် လမ်းပေါ်မှာကျသဖြင့် လူသူနင်းလျှောက်ခြင်းကို ခံရ၍ ငှက်များ ကောက်ယူစားသုံးခြင်းကိုလည်း ခံရ၏။