Luke 8:30 - TPV-RV (Thamma Pitakadaw)30 ကိုယ်တော်က ထိုသူအား “သင်၏အမည် မည်သို့ခေါ်သနည်း” ဟုမေးတော်မူရာ ထိုသူအထဲ၌ မကောင်းဆိုးဝါး မြောက်များစွာ ပူးကပ်ထားသောကြောင့် ထိုသူက “လေဂေါင်ဖြစ်ပါသည်” ဟုပြန်၍ လျှောက်တင်လေ၏။ Faic an caibideil |
ထိုသို့လျှောက်ထားရခြင်းမှာ ကိုယ်တော်က မကောင်းဆိုးဝါးအား ထိုသူ့ထံမှထွက်လာခဲ့ရန် အမိန့်ပေးလိုက်သောကြောင့် ဖြစ်သည်။ ထိုသူအား မကောင်းဆိုးဝါးသည် ကြိမ်ဖန်များစွာ ဒုက္ခပေး၏။ ထိုသူ၏ခြေလက်တို့ကို သံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်ကာ စောင့်ကြပ်ထားသော်လည်း သူသည် သံကြိုးများကို ဖြတ်ပစ်ကာ လူသူကင်းဝေးရာအရပ်သို့ မကောင်းဆိုးဝါး၏ခေါ်ဆောင်ခြင်းကို ခံရလေ၏။