Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 8:29 - TPV-RV (Thamma Pitakadaw)

29 ထိုသို့လျှောက်ထားရခြင်းမှာ ကိုယ်တော်က မကောင်းဆိုးဝါးအား ထိုသူ့ထံမှထွက်လာခဲ့ရန် အမိန့်ပေးလိုက်သောကြောင့် ဖြစ်သည်။ ထိုသူအား မကောင်းဆိုးဝါးသည် ကြိမ်ဖန်များစွာ ဒုက္ခပေး၏။ ထိုသူ၏ခြေလက်တို့ကို သံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်ကာ စောင့်ကြပ်ထားသော်လည်း သူသည် သံကြိုးများကို ဖြတ်ပစ်ကာ လူသူကင်းဝေးရာအရပ်သို့ မကောင်းဆိုးဝါး၏ခေါ်ဆောင်ခြင်းကို ခံရလေ၏။

Faic an caibideil Dèan lethbhreac




Luke 8:29
9 Iomraidhean Croise  

ထိုသူသည် ကိုယ်တော့်ကို မြင်တွေ့သောအခါ ရှေ့တွင် ကျိုးနွံစွာ ဒူးထောက်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် “ဘုရားရှင်၏သားတော်ယေရှု၊ ကျွန်ုပ်ထံမှ မည်သည်ကိုအလိုရှိပါသနည်း။ အကျွန်ုပ်ကို နှိပ်စက်ခြင်းမပြုပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏” ဟုအော်ဟစ်၍လျှောက်တင်လေ၏။


ကိုယ်တော်က ထိုသူအား “သင်၏အမည် မည်သို့ခေါ်သနည်း” ဟုမေးတော်မူရာ ထိုသူအထဲ၌ မကောင်းဆိုးဝါး မြောက်များစွာ ပူးကပ်ထား‌သောကြောင့် ထိုသူက “လေဂေါင်ဖြစ်ပါသည်” ဟုပြန်၍ လျှောက်တင်လေ၏။


မကောင်းဆိုးဝါး ပူးဝင်နှိပ်စက် သဖြင့်အလန့်တကြား အော်ဟစ်နေပါတယ်၊ သူ့တစ်ကိုယ် လုံးတုန်လှုပ်ပြီး ပါးစပ်ထဲမှအမြုပ်များ ထွက်လာတတ်ပါ တယ်။ ထိုမကောင်းဆိုးဝါးသည် သူ့အား ပင်ပန်းမောဟိုက် နာကျင်စေပြီးမှ ခက်ခက်ခဲခဲနှင့် ထွက်သွားတတ်ပါတယ်။


ထိုကလေးကိုခေါ်လာစဉ် မကောင်းဆိုးဝါးသည် သူ့အားဝင်ပူးပြီး တစ်ကိုယ်လုံး တုန်လှုပ်စေလေသည်။ ကိုယ်တော်က မကောင်းဆိုးဝါးအား အမိန့်ပေးလိုက်ရာ ရပ်တန့်သွားလေ၏။ ကိုယ်တော်သည် ထိုယောင်္ကျားလေး ကို ကုသပေးပြီး သူ့ဖခင်ထံသို့ပြန်လည်အပ်နှံလိုက်လေ သည်။


Lean sinn:

Sanasan


Sanasan