Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 8:28 - TPV-RV (Thamma Pitakadaw)

28 ထိုသူသည် ကိုယ်တော့်ကို မြင်တွေ့သောအခါ ရှေ့တွင် ကျိုးနွံစွာ ဒူးထောက်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် “ဘုရားရှင်၏သားတော်ယေရှု၊ ကျွန်ုပ်ထံမှ မည်သည်ကိုအလိုရှိပါသနည်း။ အကျွန်ုပ်ကို နှိပ်စက်ခြင်းမပြုပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏” ဟုအော်ဟစ်၍လျှောက်တင်လေ၏။

Faic an caibideil Dèan lethbhreac




Luke 8:28
14 Iomraidhean Croise  

ထိုနေရာသို့ရောက်၍ ကိုယ်တော်သည် ကမ်းပေါ်သို့တက်သောအခါ ထိုမြို့မှ မကောင်းဆိုးဝါးပူးကပ်နေသူတစ်ဦးသည် ကိုယ်တော့်အား လာရောက်တွေ့ဆုံလေ၏။ သူ့တွင် မကောင်းဆိုးဝါးပူးကပ်နေသည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်၍ သူသည် အိမ်၌လည်းမနေ၊ အဝတ်အစားလည်းမဝတ်ဘဲ သင်္ချိုင်းဂူများကြားတွင်သာ လှည့်လည်နေထိုင်လေ၏။


ထိုသို့လျှောက်ထားရခြင်းမှာ ကိုယ်တော်က မကောင်းဆိုးဝါးအား ထိုသူ့ထံမှထွက်လာခဲ့ရန် အမိန့်ပေးလိုက်သောကြောင့် ဖြစ်သည်။ ထိုသူအား မကောင်းဆိုးဝါးသည် ကြိမ်ဖန်များစွာ ဒုက္ခပေး၏။ ထိုသူ၏ခြေလက်တို့ကို သံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်ကာ စောင့်ကြပ်ထားသော်လည်း သူသည် သံကြိုးများကို ဖြတ်ပစ်ကာ လူသူကင်းဝေးရာအရပ်သို့ မကောင်းဆိုးဝါး၏ခေါ်ဆောင်ခြင်းကို ခံရလေ၏။


Lean sinn:

Sanasan


Sanasan