22 တစ်နေ့သောအခါကိုယ်တော်သည် တပည့်တော်များနှင့်အတူ လှေတစ်စီးပေါ်သို့တက်၍ “ဤရေအိုင်တစ်ဖက်ကမ်းသို့ ဖြတ်ကူးကြစို့” ဟုမိန့်တော်မူသဖြင့် သူတို့သည်လည်း ရွက်လွှင့်သွားကြလေ၏။
တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် ဂင်္နေသရက်အိုင်rနားတွင် ရပ်နေတော်မူနေစဉ် လူထုပရိသတ်တို့သည် ဘုရားရှင်၏နှုတ်ကပတ်တော်ကို ကြားနာရန် ကိုယ်တော်၏ပတ်လည်၌ စုဝေးရောက်ရှိလာကြ၏။
ထိုသို့ဖြတ်ကူးနေစဉ် ကိုယ်တော်သည် အိပ်မောကျတော်မူ၏။ ရုတ်တရက် လေပြင်းမုန်တိုင်းတိုက်ခတ်၍ လှေသည်လည်း နစ်မြုပ်စပြုလာပြီး အန္တရာယ်ကြုံကြရလေ၏။
ထို့ကြောင့် မကောင်းဆိုးဝါးတို့သည် ထိုလူထံမှထွက်၍ ဝက်များထဲသို့ ဝင်ပူးကြပြီးနောက် ထိုဝက်အုပ်ကြီးတစ်အုပ်လုံးသည် မတ်စောက်သောကမ်းပါးမှရေအိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေနစ်သွားကြလေတော့၏။