11 ကိုယ်တော်က ဆက်လက်၍ “မျိုးကြဲသူပုံဥပမာ၏ဆိုလိုရင်းအဓိပ္ပါယ်မူကား မျိုးစေ့သည် ဘုရားရှင်၏နှုတ်ကပတ်တော်များဖြစ်၏။
လမ်းပေါ်တွင်ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာရသောအခါ၌ ထိုသူများကယ်တင်ခြင်းကို မခံရစေရန် မာရ်နတ်သည် လာရောက်၍ နှုတ်ကပတ်တော်များကို သူတို့၏နှလုံးသားထဲမှ နှုတ်ယူသွားခြင်းခံရသောသူများဖြစ်ကြ၏။