9 ထိုစကားကို ကိုယ်တော်ကြားရသောအခါ အံ့ဩလျှက် နောက်တော်သို့လိုက်ပါလာသူတို့ကို လှည့်ကြည့်၍ “သင်တို့အား ငါဆိုသည်ကား အစ္စရေးပြည်တစ်ခွင်၌ ဤမျှလောက်ယုံကြည်မှုကြီးမားသောသူ ငါမတွေ့သေး” ဟုမိန့်တော်မူလေ၏။
တပ်မှူးစေလွှတ်လိုက်သောသူတို့လည်း အိမ်သို့ ပြန်ရောက်သွားသည့်အခါ တပ်မှူး၏အစေခံသည် ကျန်းမာလျှက်ရှိသည်ကို တွေ့ကြရလေ၏။
သို့သော်လည်း ကိုယ်တော်ယေရှုက ထိုအမျိုးသမီးအား “သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်းချမ်းစွာ သွားလော့” ဟုမိန့်တော်မူလေ၏။
အကြောင်းမူကား အကျွန်ုပ်သည် အထက်အရာရှိ၏လက်အောက်တွင် ရှိသကဲ့သို့ အကျွန်ုပ်၏လက်အောက်တွင်လည်း တပ်သားများစွာရှိပါ၏။ အကျွန်ုပ်က တပ်သားတစ်ဦးကို ‘သွားပါ’ ဟုဆိုလျှင် သူသည် သွားရပြီး၊ ‘လာပါ’ ဟုဆိုလျှင်လည်း သူသည် လာရပါ၏။ အကျွန်ုပ်၏အစေခံများကိုလည်း ‘ဤသည်ကို ပြုပါ’ ဆိုလျှင် သူတို့ပြုရပါ၏” ဟုလျှောက်တင်စေလေ၏။