Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 7:41 - TPV-RV (Thamma Pitakadaw)

41 ကိုယ်တော်က “ငွေချေးသူတစ်ဦးထံတွင် လူနှစ်ဦးသည် ငွေချေးငှားကြ၏။ တစ်ဦးက ဒေနာရီဒင်္ဂါးငါးရာ၊ အခြားတစ်ဦးက ဒေနာရီဒင်္ဂါးငါးဆယ် အကြွေးတင်ကြ၏။

Faic an caibideil Dèan lethbhreac




Luke 7:41
17 Iomraidhean Croise  

တပည့်တော်တို့အပေါ်အပြစ် ကျူးလွန်သူအပေါင်းတို့အား တပည့်တော်တို့မှ ခွင့်လွှတ်ပေးသကဲ့သို့၊ တပည့်တော်တို့၏ ဒုစရိုက်အပြစ်များကိုခွင့်လွှတ်ပေးတော်မူပါ။ကျွန်ုပ်တို့အားဒုစရိုက်အပြစ်ကျူးလွန်မိစေရန် သွေးဆောင်သမျှကိုလည်း တားဆီးပေးတော်မူပါ။ ဟူ၍ဆုတောင်းကြပါ” ဟု မိန့် တော်မူလေသည်။


သို့ရာတွင် အစေခံတို့သည် သခင်၏အလိုဆန္ဒကိုမသိ ၍ ကြိမ်ဒဏ်အပြစ်ပေးခံထိုက်သော အမှားမျိုးကိုပြုမိသူ သည် အလွန်နာကျင်သောကြိမ်ဒဏ်ကို ခံရမည်မဟုတ်။ သို့သော် အဘဘုရားရှင်သည် သင်တို့အပေါ်တွင် လိုက်ရော လျှင် သင်တို့သည်ဘုရားရှင်၏အမှုတော်ကို ကောင်းစွာ ထမ်း ရွက်ကြရလိမ့်မည်။ ဘုရားရှင်သည် ထိုထက်ပို၍ လိုက်ရောလျှင် သင်တို့သည်လည်း ပို၍ကောင်းမွန်စွာ အမှု တော်အားဆောင်ရွက်ကြပါ။” ဟု မိန့်တော်မူလေသည်။


ရှိလောင် မျှော်စင်ပြိုကျချိန်တွင် လူတစ်ဆယ့်ရှစ်ဦးအပေါ် ပိမိခံရ သောကြောင့် ထိုသူတို့သည် အခြားသော ယေရုရှလင်မြို့သူ မြို့သားများထက်ပို၍ အပြစ်ကျူးလွန်သူများဖြစ်သည် ဟု သင်တို့ ထင်မှတ်ကြပါသလား။


ကိုယ်တော်ကလည်း ဖာရိရှဲအား “ရှိမုန်၊ သင့်ကို ငါတစ်ခုပြောမည်” ဟုမိန့်တော်မူသဖြင့် ရှိမုန်ကလည်း “ပြောပါ၊ ကိုယ်တော်” ဟုလျှောက်သော်


ထို့ကြောင့် သင့်အား ငါဆိုသည်ကား ဘုရားရှင်သည် သူမ၏များပြားလှသောအပြစ်များကို ခွင့်လွှတ်ပေးတော်မူခဲ့ပြီဖြစ်သောကြောင့် သူမသည် များစွာသောမေတ္တာကရုဏာကို ပြသနေခြင်းဖြစ်၏။ ထိုသို့ပင် အနည်းငယ်သာခွင့်လွှတ်ခြင်းခံရသူသည် အနည်းငယ်သောမေတ္တာကိုသာ ပြ၏” ဟုမိန့်တော်မူ၏။


Lean sinn:

Sanasan


Sanasan