Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 7:39 - TPV-RV (Thamma Pitakadaw)

39 ထိုအခါ ကိုယ်တော်ကိုပင့်ဖိတ်သောဖာရိရှဲသည် မြင်သဖြင့် “ဤသူသည် အရိယာသူတော်စင်မှန်ပါက သူ့ကိုတို့ထိနေသူ အမျိုးသမီးသည် မည်သို့သောမိန်းမမျိုး ဖြစ်သည်ကို သိသင့်သည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏” ဟုမိမိစိတ်ထဲ၌ တွေးတောလေ၏။

Faic an caibideil Dèan lethbhreac




Luke 7:39
25 Iomraidhean Croise  

သူသည် “ငါဘယ်လိုလုပ်ရမလဲ၊ငါ့မှာဒီသီးနှံတွေ အားလုံးကိုသိုလှောင်ဖို့ လုံလောက်တဲ့နေရာမရှိဘူး” ဟု သူ့ကိုယ်သူပြောလေသည်။


ထို့ကြောင့် ဖာရိရှဲများနှင့် မောရှေ ပညတ်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် “ဒီလူဟာ ဒုစရိုက် အပြစ် သားတွေနဲ့ အရောရောအနှောနှော နေယုံတင်မကဘဲ အတူတူစားသောက်ပြီး တောင်နေလိုက်သေးတယ်” ဟု ဝေဖန်ပြစ်တင်ကြလေ၏။


မန်နေဂျာကလည်း သူ့ကိုယ်သူ “ငါဘာလုပ်သင့်သလဲ။ ငါ့သခင်ကတော့ ငါ့ကိုခေါ်ပြီး အလုပ်မှထုတ်ပယ်ခံရတော့ မယ်


ထိုအခါတရားသူကြီးသည် အချိန်အတော် ကြာသည် အထိ ထိုအမျိုးသမီးတောင်းဆိုချက်ကို ငြင်းပယ်နေလေ သည်။ နောက်ဆုံးတွင် တရားသူကြီးသည် “ကျွန်ုပ် က ဘုရားလဲမကြောက်၊ ပြည်သူလူထုကို အရေးမထားသော် လည်း


ထို့ကြောင့် သင်တို့၏အပြစ်ဒုစရိုက်များမှ နောင်တသံဝေဂရပြီဆိုသည်ကို အလုပ်အားဖြင့် သက်သေပြကြလော့။ သင်တို့ကိုယ်သင်တို့ အာဗြဟံ၏မျိုးဆက်ဖြစ်သည်ဟူ၍ မဆိုကြနှင့်။ အကြောင်းမူကား၊ ဘုရားရှင်သည် သင်တို့နေရာ၌ အစားထိုးရန် ဤကျောက်ခဲများကိုပင် အာဗြဟံ၏မျိုးဆက်များအဖြစ် ဖန်ဆင်းလိုက်နိုင်သည်ဟု သင်တို့အား ငါဆိုမည်။


လူအပေါင်းတို့သည်လည်း ထိတ်လန့်အံ့ဩလျှက် “ငါတို့၌ မြင့်မြတ်သောအရိယာသူတော်စင်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားရှင်သည် ငါတို့အား ကြည့်ရှုစောင်မတော်မူလေပြီ” ဟုဆိုကြကာ ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေ၏။


ထိုအခါ ထိုမြို့ရှိ အပြစ်များသောအမျိုးသမီးတစ်ဦးသည် ဖာရိရှဲ၏အိမ်၌ ကိုယ်တော်ထိုင်၍ စားသုံးနေကြောင်းကို ကြားသိရသဖြင့် အလွန်တန်ဖိုးကြီးသည့် ဆီမွှေးတစ်ပုလင်းကို ယူဆောင်ကာ ထိုနေရာသို့ လာလေ၏။


ထို့နောက် သူမသည် ကိုယ်တော်၏နောက်တော်ပါးသို့ လာ၍ ခြေတော်ရင်း၌ ငိုကြွေးလျှက် သူမ၏မျက်ရည်တို့ဖြင့် ကိုယ်တော်၏ခြေထောက်အား စိုစေကာ ဦးခေါင်းမှ ဆံပင်တို့ဖြင့် သုတ်၍ ခြောက်သွေ့စေ၏။ ထို့နောက် ကိုယ်တော်၏ခြေတော်အစုံကို နမ်းရှိုက်လိုက်ပြီး ဆီမွှေးဖြင့် လိမ်းကျံလေ၏။


ကိုယ်တော်ကလည်း ဖာရိရှဲအား “ရှိမုန်၊ သင့်ကို ငါတစ်ခုပြောမည်” ဟုမိန့်တော်မူသဖြင့် ရှိမုန်ကလည်း “ပြောပါ၊ ကိုယ်တော်” ဟုလျှောက်သော်


Lean sinn:

Sanasan


Sanasan