Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 7:37 - TPV-RV (Thamma Pitakadaw)

37 ထိုအခါ ထိုမြို့ရှိ အပြစ်များသောအမျိုးသမီးတစ်ဦးသည် ဖာရိရှဲ၏အိမ်၌ ကိုယ်တော်ထိုင်၍ စားသုံးနေကြောင်းကို ကြားသိရသဖြင့် အလွန်တန်ဖိုးကြီးသည့် ဆီမွှေးတစ်ပုလင်းကို ယူဆောင်ကာ ထိုနေရာသို့ လာလေ၏။

Faic an caibideil Dèan lethbhreac




Luke 7:37
18 Iomraidhean Croise  

အခွန်ကောက်ဝန်ထမ်းကမူ ခပ်လှမ်း လှမ်းအကွာမှ ရပ်နေပြီး ကောင်းကင်ကိုပင် မော့မကြည့် ရဲဘဲ ဖြစ်နေသည်။ သူသည် လွန်စွာနောင်တရနေပြီး ရင်ကို ထုကာ “အရှင်ဘုရား တပည့်တော်ကို ငဲ့ညှာတော်မူပါ။ တပည့်တော်ဟာ အကုသိုလ်ဒုစရိုက်သမားပါ။” ဟု တောင်း ပန်လေသည်။


ထိုအခြင်း အရာကိုမြင်သောသူတို့က “ဒီဇက္ခဲဟာ ဒုစရိုက်အပြစ်သမား တစ်ယောက်ပဲ၊ ဒါတောင်ကိုယ်တော်က သူ့အိမ်ကိုသွားပြီး သူနဲ့အတူစားသောက်ဦးမယ်”ဟူ၍ ဝေဖန်ကြလေသည်။


ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက ကိုယ်တော်၏တပည့်တော်များအား “သင်တို့သည် အဘယ်ကြောင့် ဤအခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများဟု ငါတို့သတ်မှတ်ထားသူများနှင့်အတူတကွ စားသောက်နေကြသနည်း” ဟုစောဒကတက်ကြလေ၏။


ဤကဲ့သို့ပင် ငါသည်လည်း မိမိကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်ဟု ထင်မှတ်နေသူများကို ဖိတ်ခေါ်ရန် လာသည်မဟုတ်။ ထိုအစား မိမိကိုယ်ကို အပြစ်သားဖြစ်သည်ကို သိသောသူတို့ကိုသာ ခေါ်ရန်လာခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။


ထိုသို့ပင် လူ့သားတော်သည် စားသောက်လျက်နေသောအခါ သင်တို့က ‘ဤသူသည် အစားအသောက်ကျူးသူဖြစ်ကာ အခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများနှင့် အပေါင်းအသင်းဖွဲ့နေ၏’ ဟုဆိုကြပြန်၏။


ထို့နောက် ဖာရိရှဲတစ်ဦးသည် ကိုယ်တော်ယေရှုကို သူ၏အိမ်၌ အစားအစာသုံးဆောင်ရန် ပင့်ဖိတ်လေ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူ၏အိမ်သို့ ကြွတော်မူပြီး စားသောက်ရန် စားပွဲ၌ ထိုင်တော်မူ၏။


Lean sinn:

Sanasan


Sanasan