34 ထိုသို့ပင် လူ့သားတော်သည် စားသောက်လျက်နေသောအခါ သင်တို့က ‘ဤသူသည် အစားအသောက်ကျူးသူဖြစ်ကာ အခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများနှင့် အပေါင်းအသင်းဖွဲ့နေ၏’ ဟုဆိုကြပြန်၏။
ထိုသို့ မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ဦးသည် ကိုယ်တော်ယေရှုအား ညနေစာဖြင့်ဧည့်ခံရန် သူ့အိမ်သို့ပင့် ဖိတ်လေ၏။
ဥပုသ်နေ့တစ်ရက်တွင် ကိုယ်တော်ယေရှုသည် အရေး ပါသောဖာရိရှဲတစ်ဦး၏နေအိမ်တွင် ညနေစာသုံးဆောင် လေ၏။ လူအားလုံးတို့သည် ကိုယ်တော်ယေရှုအား သတိ ထား၍ စောင့်ကြည့်နေကြသည်။
ထို့ကြောင့် ဖာရိရှဲများနှင့် မောရှေ ပညတ်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် “ဒီလူဟာ ဒုစရိုက် အပြစ် သားတွေနဲ့ အရောရောအနှောနှော နေယုံတင်မကဘဲ အတူတူစားသောက်ပြီး တောင်နေလိုက်သေးတယ်” ဟု ဝေဖန်ပြစ်တင်ကြလေ၏။
ထိုအခြင်း အရာကိုမြင်သောသူတို့က “ဒီဇက္ခဲဟာ ဒုစရိုက်အပြစ်သမား တစ်ယောက်ပဲ၊ ဒါတောင်ကိုယ်တော်က သူ့အိမ်ကိုသွားပြီး သူနဲ့အတူစားသောက်ဦးမယ်”ဟူ၍ ဝေဖန်ကြလေသည်။
ထိုနောက်တွင် လေဝိသည် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲဖြင့် သူ၏အိမ်တွင် ကိုယ်တော်နှင့် တပည့်တော်တို့အား ဧည့်ခံသဖြင့် အခွန်ကောက်သူများနှင့် အခြားသောဧည့်သည်တော်များသည်လည်း ညစာစားပွဲသို့ စုဝေးရောက်ရှိလာကြပြီး အတူတကွစားသောက်ကြလေ၏။
အကြောင်းမူကား ရေနှစ်မင်္ဂလာဆရာယောဟန်သည် သာမန်အစားအစာzကိုလည်းမစား၊ မူးယစ်စေသောစပျစ်ရည်ကိုလည်း မသောက်ဘဲသွားလာနေသည်ကို မြင်လျှင် သင်တို့က ‘ယောဟန်သည် မကောင်းဆိုးဝါးပူးကပ်နေသောသူဖြစ်၏’ ဟုဆိုကြ၏။
မည်သို့ပင်ဆိုစေကာမူ ဘုရားရှင်၏အသိဉာဏ်ပညာတော်သည် ဖြောင့်မတ်မှန်ကန်ကြောင်းကို ၎င်းကိုလိုက်နာကျင့်သုံးသောသူများအားဖြင့် သက်သေပြနေ၏” ဟုမိန့်တော်မူ၏။
ထို့နောက် ဖာရိရှဲတစ်ဦးသည် ကိုယ်တော်ယေရှုကို သူ၏အိမ်၌ အစားအစာသုံးဆောင်ရန် ပင့်ဖိတ်လေ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူ၏အိမ်သို့ ကြွတော်မူပြီး စားသောက်ရန် စားပွဲ၌ ထိုင်တော်မူ၏။