Luke 7:23 - TPV-RV (Thamma Pitakadaw)23 ငါ့ထံ၌ ယုံကြည်ခြင်းတည်မြဲသောသူတို့သည် ဘုရားရှင်၏ကောင်းကြီးမင်္ဂလာကို ခံရ၏ဟုပြောပြကြလော့” ဟုမိန့်တော်မူ၏။ Faic an caibideil |
ကိုယ်တော်ကလည်း ယောဟန်၏တပည့်များအား “သင်တို့မြင်တွေ့ရသည့်အရာတို့ကို ယောဟန်ထံ သွား၍ပြောပြကြလော့။ မျက်မမြင်တို့သည် မျက်စိမြင်ရကြပြီ။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြပြီ။ အနာကြီးရောဂါသည်တို့သည် ရောဂါပျောက်ကင်းကြပြီ။ နားမကြားသောသူတို့သည် ပြန်လည်ကြားနိုင်ကြပြီ။ သေသောသူတို့သည် အသက်ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း မင်္ဂလာသတင်းကောင်းကို ကြားကြရပြီ။