Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 7:16 - TPV-RV (Thamma Pitakadaw)

16 လူအပေါင်းတို့သည်လည်း ထိတ်လန့်အံ့ဩလျှက် “ငါတို့၌ မြင့်မြတ်သောအရိယာသူတော်စင်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားရှင်သည် ငါတို့အား ကြည့်ရှုစောင်မတော်မူလေပြီ” ဟုဆိုကြကာ ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေ၏။

Faic an caibideil Dèan lethbhreac




Luke 7:16
31 Iomraidhean Croise  

အိမ်နီးချင်းများသည် ထိုအဖြစ်အပျက်ကို မြင်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြလေ၏။ ထို့ပြင် လူအားလုံးတို့သည်လည်း ထိုသတင်းအား ယုဒပြည်တောင်ပေါ်ဒေသရှိ နေရာတိုင်း၌ ပြောဆိုနေကြလေတော့၏။


“အစ္စရေးလူမျိုးအားလုံးတို့၏ အရှင်သခင်ဖြစ်တော်မူသော ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ သူသည် သူ၏လူမျိုးအပေါင်းတို့အား လွတ်မြောက်ခြင်းပေးရန် ရောက်လာလေပြီ။


သင့်အားမြေကြီးတွင် ပြားပြားမှောက်စေလျှက် သင့်မြို့သားများကို ဖျက်စီးသုတ်သင်ခံရလိမ့်မည်။ မြို့ အဆောက်အဦးရှိ ကျောက်တုံးများသည်လည်း တစ်တုံး ပေါ်တစ်တုံးဆင့်၍တောင် ကျန်ခဲ့လိမ့်မည်မဟုတ်။ အဘယ့် ကြောင့်ဆိုသော် ဘုရားရှင်သည် သင်တို့ကိုလာ၍ ကယ် တင်သည်ကို မတွေ့မြင်ကြသောကြောင့်ဖြစ်သည်။” ဟု မိန့် တော်မူခဲ့လေသည်။


ထို့နောက် သိုးကျောင်းသားတို့သည်လည်း စားကျက်ကွင်းများဆီသို့ ပြန်သွားကြပြီး သူတို့မြင်ခဲ့ကြားခဲ့ရသည့် အကြောင်းအရာများအတွက် ဘုရားရှင်ကို ရိုသေလေးမြတ်စွာ ချီးမွမ်းကြလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအချင်းအရာတို့သည် နတ်ဒေဝါများက သူတို့အား ပြောကြားခဲ့သည့်အတိုင်းပင် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းကြောင့်ဖြစ်၏။


“ဘာတွေဖြစ်ပျက်ခဲ့လို့လဲ”ဟု ကိုယ်တော်က ပြန်မေးလိုက်လေသည်။ ထိုသူက “နာဇရက်မြို့က ကိုယ် တော်ယေရှု၏ အဖြစ်အပျက်များကို ဆိုလိုခြင်းဖြစ်သည်၊ သူသည်ဘုရားရှင်နဲ့ လူအပေါင်းတို့ကို ကျေနပ်နှစ်သက် အားရစေတော်မူတဲ့သူဖြစ်သည်၊ ကိုယ်တော်ယေရှု ပြုတော် မူသော အံ့ဩဖွယ်ရာများနဲ့ နှုတ်တော်မှထွက်လာသော နှုတ်ကပါတ်တော်များကို ကြည့်ပြီး ဘုန်းတန်ခိုးတော် အပေါ်င်းနှင့်ပြည့်စုံသော ပညာရှိ သူတော်ကောင်းဆိုတာ သိနိုင်၏။


လူထုပရိသတ်တို့သည်လည်း အံ့သြကြောက်ရွံ့ကြလျှက် “ထူးဆန်းအံ့ဩဖွယ်အမှုအရာတို့ကို ယနေ့ပင် ငါတို့တွေ့မြင်ရလေပြီ” ဟုပြောဆိုကြပြီး ဘုရားရှင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြလေ၏။


ဤအဖြစ်အပျက်ကို မြင်တွေ့သောအခါ ရှိမုန်ပေတရုsသည် ကိုယ်တော်ယေရှု၏ခြေရင်း၌ ဒူးထောက်ရှိခိုးကာ “ကိုယ်တော်၊ အကျွန်ုပ်သည် အပြစ်ဒုစရိုက်များသောသူဖြစ်သောကြောင့် အကျွန်ုပ်ကို စွန့်ခွာသွားတော်မူပါ” ဟုလျှောက်တင်လေ၏။


ထိုအခါ သေနေသောသူသည် ထထိုင်လိုက်ပြီး စတင်စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့အား မိခင်ထံသို့ ပြန်လည်အပ်နှံလေ၏။


ထိုအခါ ကိုယ်တော်ကိုပင့်ဖိတ်သောဖာရိရှဲသည် မြင်သဖြင့် “ဤသူသည် အရိယာသူတော်စင်မှန်ပါက သူ့ကိုတို့ထိနေသူ အမျိုးသမီးသည် မည်သို့သောမိန်းမမျိုး ဖြစ်သည်ကို သိသင့်သည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏” ဟုမိမိစိတ်ထဲ၌ တွေးတောလေ၏။


ထိုအခါ ဂါရစမြို့ဝန်းကျင်မှ လာသောလူတိုင်းသည် အလွန်ကြောက်ရွံ့သွားကြသဖြင့် ကိုယ်တော်အား ထိုအရပ်မှ ထွက်ခွာသွားပါရန် တောင်းဆိုကြသောကြောင့် ကိုယ်တော်လည်း တပည့်တော်များနှင့်အတူ လှေဖြင့် ထိုအရပ်မှထွက်ခွာလေ၏။


သူ တို့က “တစ်ချို့ကကိုယ်တော်အား ရေနစ်မင်္ဂလာဆရာ ယောဟန်ဟူ၍လည်းကောင်း၊ ဧလိယဟူ၍လည်းကောင်း၊ ပြန်လည်အသက်ရှင်လာသူ ပရောဖက်တစ်ပါးဟူ၍ လည်း ကောင်း ပြောဆိုနေကြပါတယ်" ဟုလျှောက်တင်လိုက်ကြ လေသည်။


Lean sinn:

Sanasan


Sanasan