13 ကိုယ်တော်သည် ထိုမုဆိုးမကို မြင်သောအခါ သူမအား အလွန်သနားကရုဏာသက်ဝင်၍ “မငိုနှင့်” ဟုမိန့်တော်မူ၏။
ထို့နောက် အရှင်သည် အခြားသောတပည့်တော်ခုနှစ် ဆယ့်နှစ်ဦးကို ရွှေးချယ်ပြီး နှစ်ယောက်တစ်တွဲစီတွဲ၍ ကိုယ်တော်ကြွမည့် မြို့တိုင်းရွာတိုင်းသို့ ကြိုတင်စေလွှတ် လိုက်၏
ကိုယ်တော်ယေရှုဆုတောင်းပြီးသောအခါတပည့်တော်တစ်ဦးက “အရှင်ယောဟန်သည် သူ၏တပည့်တို့ကို ဆု တောင်းနည်းကို သင်ပေးတော်မူသကဲ့သို့ တပည့်တော် တို့ ကို ဆုတောင်းပုံ၊ဆုတောင်းနည်း သင်ပေးတော်မူပါ” ဟု လျှောက်တင်လေ၏။
ထို့ကြောင့်ကိုယ်တော်ကထိုသူအား"သင်တို့ဖာရိရှဲများသည်ပန်းကန်ခွက်ယောက်များ၏အပြင်ဘက်ကိုသာဆေးကြောသန့်စင်ကြပြီးသင်တို့၏အတွင်းစိတ်များမှာလောဘတရားများနှင့်ယုတ်ညံ့လျက်ရှိ၏။
ထိုအခါအရှင်က “သစ္စာရှိပြီး လိမ္မာပါးနပ်သူသည် မည်သူဖြစ်မည်နည်း။ ဥပမာ သခင် တစ်ဦးက အခြားသောအစေခံတစ်ဦးအား အစေခံများကို စီမံခန့်ခွဲရန်နှင့် စားနပ်ရိက္ခာများကိုခွဲဝေပေးရန် တာဝန်ခံ အဖြစ် ခန့်ထားမည်ဟုတွေးထား၏။
အရှင်က “သင်လူတွေကို အရူးလုပ်ဖို့ကြိုးစားနေ တာလား ဉပုသ်နေ့မှာ သင်တို့၏မြည်းများ၊ နွားများအား တင်းကုတ်မှကြိုးဖြေပြီး ရေမတိုက်ကြဘူးလား။
တပည့်တော်တို့ က “ကျွန်ုပ်တို့၏ ယုံကြည်ချက်ကိုပို၍ခိုင်မြဲစေတော်မူပါ” ဟု ပြောသောအခါ
ခရစ်တော်က "ယုံကြည်ချက် မုန်ညှင်းစေလောက်ရှိ သူက ညောင်ပင်ကြီးကို အမြစ်ပါ မကျန်နုတ်ယူပြီး သမုဒ္ဒရာထဲမှာ ပြန်စိုက်လိုက်ပါလို့ ညောင်ပင်ကိုအမိန့်ပေးလျှင် ညောင်ပင်ဟာ ဒီအတိုင်းလိုက် နာပါလိမ့်မယ်” ဟု ကိုယ်တော်က ရှင်းပြလေသည်။
ထို့နောက် အရှင်က “ဤမသမာသော တရားသူကြီးပင် ထိုသို့ပြုလျှင်
ထို့နောက် ‘ဇက္ခဲ’က မတ်တပ်ရပ်လျက် ကိုယ်တော် အား” ကျွန်ုပ်ပိုင်ဆိုင်သည်များကို မရှိဆင်းရဲသားတို့အား တစ်ဝက်ခွဲပေးပါမည်။ ပိုမိုကောက်ယူထားသော အခွန် တော်ငွေထက် လေးဆပိုသောငွေများကို ပြန်အမ်းလိုက်ပါ မည်”ဟု ကိုယ်တော်အားလျှောက်ထားတင်ပြလေသည်။
ကိုယ်တော်က ပေတရုအားလှည့်ကြည့်လိုက်၏။ ထို အခါပေတရုသည် ကိုယ်တော်မိန့်မှာခဲ့သော “မနက်ဖြန် လင်းကြက်မတွန်မီမှာ ကိုယ်တော်အား သင်မသိပါဟု သုံးကြိမ်ကြိမ်တိုင်တိုင် ပြောလိမ့်မည်” ဆိုသောစကားကို အမှတ်ရလေသည်။
သို့ရာတွင် သူတို့သည် ကိုယ်တော်ယေရှု၏ ရုပ်အလောင်းကို မတွေ့ရတော့ပေ။
စုဝေးလျှက်ရှိသော တပည့်တော်တို့သည် ကိုယ်တော်ယေရှု သေခြင်းမှအမှန်ပင် ရှင်ပြန်ထမြောက် တော်မူပြီး ပေတရုအားဖူးမြင်ခွင့်ပေးခဲ့ကြောင်းကို သိကြရ လေသည်။
မြို့တံခါးပေါက်အနီးသို့ ရောက်သောအခါ လူသေအလောင်းတစ်လောင်းကို သင်္ဂြိုဟ်ရန် လူတစ်စုက အလောင်းစင်ဖြင့်ထမ်း၍ မြို့ပြင်သို့ ထုတ်လာကြ၏။ သေဆုံးသူသည် မုဆိုးမတစ်ဦး၏တစ်ဦးတည်းသောသားဖြစ်ပြီး မြို့သူမြို့သားတို့သည်လည်း သူမနှင့်အတူ လိုက်ပါပို့ဆောင်ကြလေ၏။
ထို့နောက် ကိုယ်တော်သည် လူတို့သယ်ဆောင်လာသော အလောင်းစင်အနီးသို့ ကြွတော်မူပြီးလျှင် အလောင်းစင်ကို လက်တော်နှင့် ထိတော်မူသဖြင့် အလောင်းစင်ထမ်းလာသူတို့သည်လည်း ရပ်ပေးလိုက်ကြရာ ကိုယ်တော်က “လူကလေး၊ သင့်ကို ငါဆိုမည်။ ထလော့” ဟုမိန့်တော်မူလေ၏။
ကိုယ်တော်ထံသို့ စေလွှတ်၍ “ကိုယ်တော်သည် အကျွန်ုပ်တို့မျှော်လင့်စောင့်စားနေရသည့် မေရှိယအရှင်ဟုတ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့ အခြားသူတစ်ပါးကို စောင့်ရဦးမည်လော” ဟုမေးမြန်းလျှောက်တင်စေလေ၏။
လူတိုင်းသည် ထိုသူငယ်မ သေဆုံးသွားသည့်အတွက် သည်းထန်စွာ ငိုကြွေးနေကြ၏။ သို့သော် ကိုယ်တော်က “မငိုကြနှင့်။ ဤသူငယ်မသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏” ဟုမိန့်တော်မူသဖြင့်