Luke 6:23 - TPV-RV (Thamma Pitakadaw)23 ထိုသို့ဖြစ်ပါက ဝမ်းသာအားရ ကခုန်ကြလော့။ အကြောင်းမူကား ရွှေမြို့တော်၌ သင်တို့ရရှိမည့်ဆုလာဘ်သည် ကြီးမားလှသောကြောင့်ဖြစ်၏။ ရှေးယခင်ကပင် ထိုသူတို့၏ဘိုးဘေးတို့သည်လည်း အရိယာသူတော်စင်တို့ကို ထိုနည်းတူပင် ပြုမူခဲ့ကြသောကြောင့် ဖြစ်၏” ဟုမိန့်တော်မူ၏။ Faic an caibideil |
ထို့ကြောင့် သင်တို့သည် ရန်သူများကို မေတ္တာထား၍ သူတို့အတွက် ကောင်းကျိုးကိုပြုကြလော့။ ပြန်လည်ရရှိရန် မျှော်လင့်ချက်မထားဘဲ ချေးငှားကြလော့။ ဘုရားရှင်သည် ကျေးဇူးမသိသူများနှင့် ဆိုးယုတ်သောသူတို့ကိုပင် မေတ္တာထားတော်မူသည်ဖြစ်၍ သင်တို့ ထိုသို့ပြုလျှင်ကား အကျိုးကျေးဇူးကြီးစွာရ၍ အမြင့်မြတ်ဆုံးသောဘုရားရှင်၏သားသမီးများ ဖြစ်ကြပေလိမ့်မည်။