Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 6:20 - TPV-RV (Thamma Pitakadaw)

20 ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံ မျက်နှာမူလျှက် သူတို့အား “ယခုဆင်းရဲချို့တဲ့သောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားရှင်၏သာသနာတော်သည် သင်တို့အတွက်ဖြစ်၏။

Faic an caibideil Dèan lethbhreac




Luke 6:20
35 Iomraidhean Croise  

ကိုယ်တော်က “တပည့်တော်တို့မကြောက်ကြပါနဲ့၊ သင်တို့၏ အဖဘုရားသည် သင်တို့အား ဘုရားသာသနာ တော်သို့သွတ်သွင်းပေးပါလိမ့်မည်။


သင်တို့အပြင်သို့မောင်းထုတ် ခံရသောအခါ သင်တို့သည် အံကြိတ်၍ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးကြရလိမ့်မည်။အဘယ်ကြောင့်ဆိုသော် အိမ်အတွင်း ဖက်ဖြစ်သော ဘုရားရှင် သာသနာတော်အတွင်းတွင် အာဗြဟံ၊ ဣဇက်နှင့်ပညာရှိပရောဖက်များကို တွေ့လိုက်ရ သောအခါ ယူကြုံးမရဖြစ်ကြရလိမ့်မည်။


ကိုယ်တော်ယေရှုထိုသို့မိန့်တော်မူပြီးနောက်ဧည့်သည် တော်များထဲမှ တစ်ဦးက “ဘုရားရှင်၏ သာသနာ့ဗိမာန် တွင် အကြီးကျယ်ဆုံးဧည့်ခံပွဲတော်ကြီးကိုကျင်းပသည့်အခါ ကောင်းကြီးမင်္ဂလာအဖြာဖြာကို ခံစားရလိမ့်မည်” ဟု ပြော လေ၏။


ထိုအခါအာဗြဟံက “ငါ၏ မိတ်ဆွေ သင်အသက်ရှင်နေစဉ်က ချမ်းသာသုခများ ခံစား ခဲ့ရပြီး လာဇရုကတော့ ဆင်းရဲဒုက္ခများကြုံခဲ့ရတယ်။ ယခု လာဇရုကတော့ပျော်ရွှင်ဝမ်းမြောက်နေရပြီး၊သင့်မှာမူ ဒုက္ခ ဝေဒနာများ ခံစားနေရတယ်။


“ဉာဏ်အလင်းတော်သည် ငါနှင့်အတူ ရှိနေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ဆင်းရဲသားများအတွက် မင်္ဂလာသတင်းကောင်းကို ဟောကြားရန်အလို့ငှာ ဘုရားရှင်က ငါ့ကို ရွေးကောက်ထားတော်မူ၍ အကျဉ်းကျနေသူများ လွတ်မြောက်ခြင်းရရန်၊ မျက်စိကွယ်သူများ မြင်စေရန်၊ ဒုက္ခဆင်းရဲခံစားနေရသူများကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်နှင့်


Lean sinn:

Sanasan


Sanasan