6 ထိုသို့ဖြင့် ငါးဖမ်းပိုက်များကို ချလိုက်သောအခါ သူတို့သည် ငါးဖမ်းပိုက်များ ကွဲလုမတတ် ငါးများစွာကို ဖမ်းမိကြ၏။
ထို့ကြောင့် သူတို့သည် အခြားလှေပေါ်တွင်ရှိသော တံငါသည် အပေါင်းအပါတို့ကို သူတို့အား ကူညီနိုင်ရန်အတွက် အချက်ပြ၍ လှမ်းခေါ်လိုက်လေ၏။ ထိုသူတို့ ရောက်လာကြပြီး လှေနှစ်စင်းလုံးတွင် ငါးများကို ထည့်ကြရာ သူတို့၏လှေများသည်လည်း နစ်မြုပ်လုနီးပါး ဖြစ်သွားလေ၏။