4 ဟောပြောသွန်သင်ပြီးသောအခါ ကိုယ်တော်သည် ရှိမုန်အား “လှေကို ရေနက်ရာဘက်သို့ လှော်ခတ်၍ သင်၏ငါးဖမ်းပိုက်ကို ချလိုက်ပါ” ဟုမိန့်တော်မူ၏။
ရှိမုန်ကလည်း “ကိုယ်တော်၊ အကျွန်ုပ်တို့ တစ်ညလုံး ပင်ပင်ပန်းပန်း ကြိုးစား၍ ငါးဖမ်းခဲ့သော်လည်း ငါးတစ်ကောင်တစ်လေမှ မရခဲ့ပါ။ သို့ရာတွင် ကိုယ်တော်စေခိုင်းသည့်အတွက် အကျွန်ုပ် ငါးဖမ်းပိုက်ကို ထပ်၍ ချလိုက်ပါမည်” ဟုဖြေလေ၏။