Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 5:33 - TPV-RV (Thamma Pitakadaw)

33 ထို့နောက် လူအချို့ကလည်း ကိုယ်တော်ယေရှုအား “ရေနှစ်မင်္ဂလာဆရာယောဟန်နှင့် သူ၏တပည့်တို့သည် အစာရှောင်ဆုတောင်းခြင်းကို မကြာခဏပြုလုပ်လေ့ရှိကြ၏။ ဖာရိရှဲတို့၏တပည့်များသည်လည်း ထိုသို့ပင် ပြုလုပ်လေ့ရှိကြ၏။ သို့သော်ငြား ကိုယ်တော်၏နောက်လိုက်တပည့်တို့မှာမူကား စားလျက်သောက်လျက်နေကြပြီး အဘယ်ကြောင့် အခြားသူများကဲ့သို့ အစာမရှောင်ကြသနည်း” ဟုမေးခွန်းထုတ်ကြလေ၏။

Faic an caibideil Dèan lethbhreac




Luke 5:33
20 Iomraidhean Croise  

ကိုယ်တော်ယေရှုဆုတောင်းပြီးသောအခါတပည့်တော်တစ်ဦးက “အရှင်ယောဟန်သည် သူ၏တပည့်တို့ကို ဆု တောင်းနည်းကို သင်ပေးတော်မူသကဲ့သို့ တပည့်တော် တို့ ကို ဆုတောင်းပုံ၊ဆုတောင်းနည်း သင်ပေးတော်မူပါ” ဟု လျှောက်တင်လေ၏။


တစ်ပတ်တွင်နှစ်ရက် အစာရှောင်၍ဉပုသ်စောင့်နေ ပါသည်။ တပည့်တော်လုပ်အားခ၏ ဆယ်ဖို့တစ်ဖို့ကိုလည်း ဘုရားရှင်အားလှူဒါန်းပါသည်” ဟူ၍ ကိုယ့်ကိုယ်ကိုဖော် ကျူးလေသည်။


ယခု သူမသည် မုဆိုးမတစ်ဦးဖြစ်၍ အသက်မှာလည်း ရှစ်ဆယ့်လေးနှစ်ရှိပြီ ဖြစ်သောကြောင့် အိုမင်းလျှက်ရှိ၏။ သူမသည် ဗိမာန်တော်မှ အဘယ်သောအခါမျှ မခွာဘဲ ဘုရားဝတ်ပြုဆုတောင်းခြင်း၊ အစာရှောင်ဥပုသ်စောင့်ခြင်းတို့ကို နေ့ညမပြတ် ဆောင်ရွက်သူတစ်ဦးဖြစ်၏။


မုဆိုးမ များ၏အိမ်များအား အတင်းအဓမ္မသိမ်းယူကြပြီးဆုတောင်း သည့် အခါတွင်လည်း ရှည်လျားစွာ ဟန်ဆောင်ဆုတောင်း တတ်ကျသည်။ ဤပုဂ္ဂိုလ်တို့သည် ပြင်းထန်သောအပြစ် ပေးခံရမည့်သူများ ဖြစ်ကြောင်း ကိုယ်တော်ကသတိပေး မိန့်မှာတော်မူလေသည်။


ဤကဲ့သို့ပင် ငါသည်လည်း မိမိကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်ဟု ထင်မှတ်နေသူများကို ဖိတ်ခေါ်ရန် လာသည်မဟုတ်။ ထိုအစား မိမိကိုယ်ကို အပြစ်သားဖြစ်သည်ကို သိသောသူတို့ကိုသာ ခေါ်ရန်လာခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။


ကိုယ်တော်ကလည်း “မင်္ဂလာပွဲသို့ လာသောဧည့်မိတ်ဆွေတို့သည် သတို့သားနှင့်အတူ ရှိနေသည့်အချိန်၌ အစာရှောင်ကြမည်လော။ မည်သူမျှ ရှောင်ကြမည်မဟုတ်။


Lean sinn:

Sanasan


Sanasan