Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 5:32 - TPV-RV (Thamma Pitakadaw)

32 ဤကဲ့သို့ပင် ငါသည်လည်း မိမိကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်ဟု ထင်မှတ်နေသူများကို ဖိတ်ခေါ်ရန် လာသည်မဟုတ်။ ထိုအစား မိမိကိုယ်ကို အပြစ်သားဖြစ်သည်ကို သိသောသူတို့ကိုသာ ခေါ်ရန်လာခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။

Faic an caibideil Dèan lethbhreac




Luke 5:32
26 Iomraidhean Croise  

ကိုယ်တော်က “ထိုနည်းတူစွာပဲ ဘုရားရှင်၏နတ်ဒေဝါတို့သည် နောင်တတရားနှင့် ဘုရားဘက်လှည့်လာသူအတွက် ဝမ်းမြောက်ပျော်ရွှင်ကြပါလိမ့်မယ်” ဟု မိန့်တော်မူလေသည်။


ကိုယ်တော်က “ထိုနည်းတူပင် နောင်တရ ရန်မလိုအပ်သော ကိုးဆယ့်ကိုးယောက်တို့ထက် ဒုစရိုက် ကျူးလွန်မိသူတစ်ဦးကနောင်တရလျှင် နိဗ္ဗာန်ရွှေမြို့တော်၌ ပို၍ပင် ရွှင်လန်းဝမ်းမြောက်ရပါလိမ့်မယ်” ဟူ၍ မိန့်တော် မူလေသည်။


“လူ့သားတော်”သည် ပျောက်ဆုံးသူများကို ရှာဖွေပြီး ကယ်တင်ရန်ကြွလာခြင်း ဖြစ်သည်”ဟု မိန့်တော်မူလေ သည်။


တပည့် တော်တို့သည် နိုင်ငံတိုင်းမှလူတို့အား ခွင့်လွှတ်ခြင်းခံရရန် အတွက် ကိုယ်တော်ယေရှု၏ နာမတော်ဖြင့် ဘုရားကို ဆည်းကပ်ကြရန် ဟောကြားမည်ဖြစ်သည်။


ကိုယ်တော်က သူတို့ကို ဖြေကြားသည်မှာ “ကျန်းမာသူသည် ဆေးဆရာကို လိုမည်မဟုတ်။ နာမကျန်းသူသာ ဆေးဆရာကို လိုအပ်၏။


ထို့နောက် လူအချို့ကလည်း ကိုယ်တော်ယေရှုအား “ရေနှစ်မင်္ဂလာဆရာယောဟန်နှင့် သူ၏တပည့်တို့သည် အစာရှောင်ဆုတောင်းခြင်းကို မကြာခဏပြုလုပ်လေ့ရှိကြ၏။ ဖာရိရှဲတို့၏တပည့်များသည်လည်း ထိုသို့ပင် ပြုလုပ်လေ့ရှိကြ၏။ သို့သော်ငြား ကိုယ်တော်၏နောက်လိုက်တပည့်တို့မှာမူကား စားလျက်သောက်လျက်နေကြပြီး အဘယ်ကြောင့် အခြားသူများကဲ့သို့ အစာမရှောင်ကြသနည်း” ဟုမေးခွန်းထုတ်ကြလေ၏။


Lean sinn:

Sanasan


Sanasan